Sunday 22 September 2013

Andriod Applicationရေးနည်းစာအုပ်အပိုင်း(၁) မှ(၈)အထိပေါင်းချုပ်



   

Andriod Applicationရေးနည်းစာအုပ်အပိုင်း(၁) မှ(၈)အထိပေါင်းချုပ်


အခုကျွန်တော်တင်ပေးမှာကတော့
ဒေါက်တာ ထားထားလွင်ရေးထားတဲ့
Andriod Applicationရေးနည်းစာအုပ်အပိုင်း(၁) 
ကနေ
Andriod Applicationရေးနည်းစာအုပ်အပိုင်း(၈)
အထိ
တင်ပေးသွားပါ့မယ်ဗျာ
အောက်မှာ
(၁)အုပ်ချင်းဆီဒေါင်းလို့ရအောင်လို့လုပ်ထားပေးပါတယ်..
အဆင်ပြေသလိုယူသွားလိုက်ကြပါဗျာ....
စေတနာများစွာဖြင့်
 
 

 အားလုံးပဲအဆင်ပြေကြပါစေ...
 
 

English မှ Myanmar သို့ စကားစုအတိုင်းပြောင်းပေးမယ့် Windows Myanmar Translator v1.0



English မှ Myanmar သို့ စကားစုအတိုင်းပြောင်းပေးမယ့် Windows Myanmar Translator v1.0


 
 
 
အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို စကားစုအတိုင်း ဘာသာပြန်ပေးနိုင်တဲ့ Software လေးပါဘဲ။ 
 
ဒီကောင်လေးကလည်း အခြား Dictionary တွေထက် ပိုပြီးမကောင်းရင်တောင်သူတို့ နည်းတူကောင်းတဲ့
Dictionary လေးဖြစ်ပါတယ်။ 
 
အဲ နည်းနည်းလေးတော့ပြောပြစရာရှိတယ်ဗျ။ 
 
သူက မြန်မာ 3Unicode နဲ့
Zawgyi Font နှစ်မျိုးလုံးမှာအလုပ်လုပ်ပါတယ်ဗျာ။ 
 
 ဘာသာပြန်ပေးတဲ့နေရာမှာတော့စကားလုံးတစ်လုံး
ချင်းအလိုက် ဘာသာပြန်ပေးတဲ့အတွက် စကားစုတစ်ခုကို ဘာသာပြန်ပေးတဲ့နေရာမှာတော့ မိမိကိုယ်
တိုင်ဘဲ ဆီလျှော်အောင် ဘာသာပြန်ပေးရပါလိမ့်မယ်ဗျာ။
 
 စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link
မှာ ဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

မူရင်း http://mmithelper.blogspot.com
 

Saturday 21 September 2013

Youtube , Online Video File တွေကို Online ကနေပဲ အမြန်ဆုံးနည်းနဲ့ Mp3 ပြောင်းချင်တဲ့ သူတွေအတွက်ပါ။




Youtube , Online Video File တွေကို Online ကနေပဲ အမြန်ဆုံးနည်းနဲ့ Mp3 ပြောင်းချင်တဲ့ သူတွေအတွက်ပါ။















         ဒီ Post လေးကတော့ ကျွန်တော် တို့ Youtube က သီချင်းတွေကို Online ကနေပဲ Mp3 အနေနဲ့ Convert ပြောင်းပြီး Download ရယူနိုင်တဲ့ Free Web Site လေးဖြစ်ပါတယ်။


     အရင်ဦးဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ Web Site Link လေးကို အရင်သွားလိုက်ပါဗျာ။

 

 အဲ့ဒီ Web Site Link ကို ရောက်သွားပြီ ဆိုရင်တော့ 
 
   ကျွန်တော်တို့ Mp3 Convert ပြောင်းမဲ့ Youtube က Web Site Link တစ်ခုခုကို Copy ရယူပြီး ခုနက ကျွန်တော်ပေးထားတဲ့ Web Site Link ရဲ့အောက်နားက Convert an online video file to MP3 ဆိုတဲ့ စာကြောင်းလေးရဲ့ အောက်က နေရာလေးထဲသို့ Paste ကူးထည့်ပြီး 
 
Convert Video ဆိုတဲ့ Button လေးကို Click လိုက်ပါ။
 
အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
 



 
ခဏစောင့်ပေးလိုက်ပါ။Youtube ကနေ Mp3 File ပြောင်းနေတာ ဖြစ်တဲ့ အတွက်ပါ။
 
100% ပြည့်သွားရင်တော့ အောက်က ပုံလေး အတိုင်း Download လုပ်ဖို့
 
 Click here to download your converted file ဆိုပြီး Download Link ပေးနေပါပြီဗျာ။
 
အဆင်ပြေပါစေ ဗျာ................။
 
                                  


















                   












English - Myanmar Dictionary For Andrious OS




English - Myanmar Dictionary For Andrious OS










အခုတင်ပေးလိုက်တဲ့ ကောင်လေးကတော့ Android OS ဖုန်းတွေအတွက် English to Myanmar, Myanmar to English အဘိဓာန် ဆော့ဝဲလေးပဲဖြစ်ပါတယ်။
 
 
မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..နော်...။

 
 Enjoy!
 
   ငှက်ငယ်

QTranslate 3.1.0 ML + Portable




QTranslate 3.1.0 ML + Portable

 

 

 
         Language တော်တော်များများကို အမြန် Translate လုပ်ပေးနိုင်တဲ့ ကောင်လေးဖြစ်ပါတယ်။ 
 
 ဖိုင်ဆိုဒ်ကလဲနည်းပါတယ်။ ပေါ့လဲပေါ့ပါတယ်။ 
 
သူ့အတွက်အသုံးပြုရမယ့် Key လေးတွေကိုလည်း တစ်ခါတည်းအထဲမှာ ပါပါတယ်။
 
 ကြည့်ပြီးသုံးကြည့်လိုက်ပါ။ 
 
 အဆင်ပြေအောင် ကျွန်တော် Portable လေးပါတွဲပြီး တင်ပေးထားပါတယ်။
 
 အောက်မှာ ယူသွားလိုက်ပါဗျာ။
 
  အောက်မှာ သုံးနေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။
 
QTranslate 3.1.0 ML 




Portable



 

   Enjoy!
 
     ငှက်ငယ်

Browser အားလုံးရဲ့ History ကို တစ်နေရာထဲမှာ ဖျက်ရအောင်



Browser အားလုံးရဲ့ History ကို တစ်နေရာထဲမှာ ဖျက်ရအောင်

 

 

 

ကျွန်တော်တို့တွေ ရည်ရွယ်ချက်ပေါင်းများစွာနဲ့ Internet ကိုသုံးကြတဲ့ အခါ ဘာပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ ကိုလုပ်တာတော့ ခြေရာ မခံစေချင်ဘူးလေ။ ကျွန်တော်တို့တွေဟာ လျှို့ဝှက်တဲ့ လုပ်ငန်းတစ်ခု ဒါမဟုတ် နေရာ တစ်ခု မှာ လုပ်ခဲ့ကြမယ် ဆိုရင်ပေါ့။ဒါကြောင့် ကျွန်တော် တို့တွေ History ကို Delete ပြီး ဒီ ပြသာနာ ကိုဖြေရှင်းနိုင်တယ်လို့ ကျွန်တော် စဉ်းစားမိပါတယ်။

ဒါပေမယ့် ကျွန်တော်တို့တွေ Browser တွေများ တစ်ခုထက်မက သုံးနေတယ်ဆိုရင်တော့ တစ်ခုချင်းစီ လိုက်ပီး ဖျက်ပေးနေရမှာပါ။ဒါကတော့ လုပ်ငန်းတစ်ခု ကိုနှောင့်နှေးစေပါတယ်။ဒီ Problem ကိုဖြေရှင်းဖို့ အတွက် Browser Cleaner လေးပေးမလို့ပါ။ သူက Browser တွေ အားလုံးက History ကို တစ်ခါတည်းကိုဖျက်ပေးနိုင်ပါတယ်။

Browser Cleaner ဟာ Free ၀ဲလေးဖြစ်သလို Portable လေးပါ။ သုံးရတာလည်းပေါ့ပါးအဆင်ပြေပါတယ်။ Click ကလေးနှိပ်လိုက်ရုံနဲ့ Process တစ်ခုကို ပြီးမြောက်စေပါတယ်။User Interface ကတော့ အောက်က ပုံလေးလိုပါ။သူက Internet Explorer, Firefox, Opera, Google Chrome, Safari, Avant Browser, Adobe Flash Player and Java Runtime Environment တို့ရဲ့ History တွေကို ဖျက်ပေးနိုင်ပါတယ်။



 
Browser တိုင်းဟာ History ကိုဘယ်လိုဖျက်ချင်လဲ ဆိုတဲ့ အပေါ်မှာ မူတည်ပီး Option တွေပိုင်ဆိုင်ကြပါတယ်။ ကိုယ်ဖျက်ချင်တာလေးတွေကိုပဲ ရွေးခွင့် ရှိပါတယ်။

ကျွန်တော်တို့တွေ သေချာဖို့လိုတာက History ကိုမရှင်းလင်းခင်မှာ Option တွေကို စစ်ရမှာပါ။ သူက Default အားဖြင့်တော့ Option အားလုံးကို Check Mark လုပ်ပီးသားပါ။ ဒါကြောင့် ကျွန်တော်တို့တွေ ဂရုပြုရမှာပါ ။ဒီလိုမှ မဟုတ်ရင် အရေးကြီး တဲ့ Information တွေ ပျောက်ဆုံးနိုင်ပါတယ်နော်။


ပြီးတော့ Browser အားလုံးအတွက် ပေါင်းထားပေးတဲ့ Setting Tab လည်းရှိပါတယ်။ Process တစ်ခု ပြီးမြောက်တဲ့ အခါ Notify လုပ်မှာပါ။ကို အဆင်ပြေသလို Setting မှာပြောင်းလို့ ရပါတယ်။


ကဲ ဒီလိုဆိုတော့ တကယ်ကို ဒီလို Tool လေးတစ်ခုထဲနဲ့ Browser တွေ အားလုံးက History တွေကို လွယ်ကူစွာ ရှင်းလင်းနိုင်ပါပီဗျာ။ တစ်ခြားသူတွေ နဲ့ မ Share ချင်တဲ့ လုပ်ငန်းတစ်ခုကို လုပ်နေကျသော ဘယ် User တွေ အတွက် မဆို တကယ်ကို အသုံးဝင်မှာပါ။အားလုံးအတွက်လည်း အကျိုးရှိစေမှာပါ။


Window Versionအားလုံးအတွက် အသုံးဝင်မှာပါ။


လိုချင်ရင် Download ယူလိုက်ပါ။

အားလုံးအဆင်ပြေကြပါစေ..


Enjoy!


Hnget Ngai

အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ....




အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ....


ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ http://www.myordbok.com မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။

ဒါနဲ့ ထပ်ပြောရဦးမယ် အွန်လိုင်းမှာ ဘာသာမပြန်ချင်ဘူး အင်တာနက်လိုင်း မသုံးချင်သူတွေ အတွက် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သုံးလို့ ရအောင် အခုဆော့ဝဲလ် လည်းထွက်နေပါပြီ။
လိုချင်ရင် အောက်မှာ တစ်ခါတည်း သာ ဒေါင်းသွားပါဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။


ဒီနေရာ လေးမှာလည်း ဝင်ရောက် လေ့လာနိုင်ပါပြီ။ ကိုယ့်စက်ထဲမှာ သုံးချင်တဲ့ မိတ်ဆွေများအတွက် ဒီမှာ တိုက်ရိုက် ရယူပါ။ ဆော့ဝဲလ် လေးက 1.53 MB လေးပဲ ရှိပါတယ်။ လက်ဆောင် ယူထားလိုက်ပါ။ အသုံးဝင်မယ်လို့ ထင်ပါတယ်။
အဆင်ပြေကြပါစေဗျာ။


 ငှက်ငယ်

Saturday 14 September 2013

လူ့အရိုးတွေနဲ့ ဘုရားကျောင်း


လူ့အရိုးတွေနဲ့ ဘုရားကျောင်း


ထူးထူးဆန်းဆန်း လူတွေရဲ့အရိုးတွေ၊ ခေါင်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ဘုရားရှိခိုးကျောင်းဟာ အပြင်မှာ တကယ်ရှိပါတယ်ဆိုရင် ယုံချင်ပါ့မလားမသိဘူးနော်။ မယုံဘူးဆိုရင် အောက်က ပုံတွေမှာ ကြည့်နိုင် ပါတယ်။ လူတွေရဲ့ အရိုး အစစ် တကယ်ဟုတ်မဟုတ် သေချာ လေ့လာ စူးစမ်းချင်တယ်ဆိုရင်တော့ ချက်ဇ် ရီပတ်ပလစ်နိုင်ငံကို ကိုယ်တိုင်သွားရောက်လို့ လေ့လာနိုင်ပါတယ်နော်။ :P


Image Hosted by PicturePush - Photo Sharing

ပုံမှာမြင်ရတဲ့ဘုရားကျောင်းဟာ အတွင်းထဲမှာတော့ လူ့အရိုးပေါင်းများစွာနဲ့ မျက်နှာကျက်တွေ နံရံတွေ၊ တိုင်တွေမှာ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်။ ချက်ဇ်ရီပတ်ပလစ်နိုင်ငံမှာ တည်ရှိတဲ့ Ossuary ဘုရားကျောင်းဟာ ဘယ်လိုများ တန်ဆာဆင်ထားသလဲဆိုတာ သိချင်ရင် ဘုရားကျောင်းထဲ ဝင်ကြည့်ကြပါစို့လားရှင်။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing




ပုံမှာ မြင်ရတဲ့အတိုင်းပါဘဲ။ အားလုံးမြင်နေရတဲ့ အရိုးတွေ ဦးခေါင်းတွေဟာ တကယ်ကို လူရိုးတွေ ဖြစ်ပါ တယ်။ Ossuary ဘုရားကျောင်းဟာ (Bone Church) လို့ လူသိများပြီး ချက်ဇ်လိုတော့ Kostnice လို့ခေါ်ကြပါတယ်။ လူပေါင်း ၄၀၀၀၀ ခန့်ရဲ့ အရိုးများကို ခင်းကျင်း ဆင်ယင်ထားတာ ဖြစ်ပြီး ဒီဘုရားကျောင်းကို ၁၃ရာစုမှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ထုထည်ကြီးမားတဲ့ အဆောက် အဦး ဖြစ်သော်လည်း အလင်း ဝင်ပေါက်မှာ ပြတင်းပေါက်ခပ်ကျဉ်းကျဉ်း ကနေသာ ဝင်ရောက်နိုင်အောင် စီမံထားတာဖြစ်လို့ ဘုရားကျောင်းထဲမှာ လျှပ်စစ်မီးသာ မရှိလျှင် အေးစိမ့် မှုန်မှိုင်းနေမှာ သေချာပါတယ်။ ဘုရားကျောင်းရဲ့ နံရံ၊ မျက်နှာကျက် ကြည့်လေရာရာ နေရာတိုင်းမှာ လူတွေရဲ့ အရိုးတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြုလုပ်ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ အဲဒီအရိုးတွေဟာ ဘုရားကျောင်းရဲ့ သင်္ချိုင်း မှာ နောက်ထပ် အသစ်ရောက်လာတဲ့ လူသေ အလောင်းများ မြုပ်နှံရန် နေရာ လွတ်အတွက် ယခင်ကမြုပ်နှံ ခဲ့တဲ့ လူတွေရဲ့ အရိုးတွေကို ဘုရားကျောင်းမှာ ထိန်းသိမ်းထားရာကနေ ခုလို ပြုပြင်ဖန်တီးဖို့ စိတ်ကူး ရကာ ပြင်ဆင် ထားခဲ့တာဖြစ်ပါတယ်။ 


Bone Church


 
Image Hosted by PicturePush - Photo Sharing


photo


ဘုရားကျောင်း မျက်နှာကျက်ပေါ်မှာလည်း အရိုးတွေချိတ်ဆွဲထားတဲ့အပြင် မီးပန်းဆိုင်းကိုပင်လျှင် ပုံမှာ မြင်ရတဲ့အတိုင်း အရိုးများနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီမီးပန်းဆိုင်းဟာ မရဏမင်းရဲ့ မီးပန်းဆိုင်းလို့လည်း တင်စားကြပါသေးတယ်။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
photo

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

အထက်ပါ ဘုရားကျောင်းဟာ လာရောက်ကြည့်ရှုလေ့လာသူများအတွက် တစ်နှစ်ပတ်လုံး ဖွင့်ထားပြီး ဒီဇင်ဘာလ ၂၄ရက်နဲ့ ၂၅ရက် ၂ရက်တည်းသာ ပိတ်ပါတယ်။ ဝင်ကြေးမှာ ချက်ဇ်ငွေ 40Kč  ဖြစ်ပြီး ကျောင်း သူကျောင်းသားများ ဆိုရင်တော့ 20Kč သာ ပေးရမှာ ဖြစ်ပါတယ်။  ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ကင်မရာအတွက် အပိုကြေး 30Kč ထပ်မံ ပေးဆောင်ကြရမှာဖြစ်ပါတယ်။


photo



Bone Church Entry 

ပိရမစ်ပုံ မာဘယ် ကျောက်သားတိုင်ကြီးရဲ့ ဘေးတစ်လျှောက်မှာတော့ အရိုးခေါင်းတွေဟာ ပါးစပ်ကြီးဟပြီး မိမိရဲ့ ခြေသလုံးရိုးကို ကိုက်ထားတဲ့သဏ္ဍာန် ပုံဖော်ထားပါတယ်။

Kutna Hora Bone Church, Prague

 အကြွေစေ့တစ်ချို့တောင်တွေ့ရသေး



ပုံတွေကြည့်ရတာ အားမရလို့ ဗီဒီယိုကြည့်လိုသူများ အောက်က ယူကျုမှာ ကြည့်နိုင်ပါတယ်နော်။ ဘာတွေပြောနေတယ် ဆိုတာတော့ ကျွန်တော်လည်း နားမလည်ပါ။
 
                       Video ကြည့်ရန်==        https://www.youtube.com/watch?v=BLULJGsy_3M&feature=player_embedded#t=11
 
 
 
 အရိုးဘုရားကျောင်းကို သွားလိုသူများအတွက် လိပ်စာမှာ 

Kostnice
Zamecká 127
Kutná Hora - Sedlec, 284 03
Tel. 728 125488

 


သွားရောက်လည်ပတ်ခဲ့ကြသူ တစ်ချို့ကတော့ ဒီမြင်ကွင်းဟာ အနိဌာရုံမြင်ကွင်းဖြစ်တယ်။ ကြည့်တဲ့ သူတွေရဲ့ စိတ်ကို ခြောက်ခြားစေတယ်။ ကြက်သီးထစေတယ် လို့ ဆိုကြပါတယ်။ တစ်ယောက်ကတော့ ဘုရားကျောင်းရဲ့ reception desk မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကို “ခင်ဗျား.. ဒီလိုနေရာ မျိုးမှာ နေ့တိုင်းနေရတာ ဘယ်လိုမှ မခံစားရဘူးလား။ မကြောက်ဘူးလား” လို့ မေးတဲ့အခါ. “ အိုး.. ဒါတွေက  သေပြီးသားသူတွေရဲ့ အရိုးတွေဘဲ.. အသက်ရှိတော့တာမှ မဟုတ်တာ။ ဘာကြောက်စရာရှိလဲ.. သူတို့က ဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်နိုင်တော့ပါဘူး။ အသက်ရှင်နေတဲ့ သူတွေကသာ ဒုက္ခပေးနိုင်တာ၊ ကြောက်ဖို့ကောင်းတာ” လို့ ခပ်ပြတ်ပြတ် ပြန်ဖြေပါတယ်တဲ့။ 

 အရိုးတွေနဲ့ ဘုရားကျောင်းကို ဗဟုသုတ သက်သက် အနေနဲ့ ဖော်ပြခြင်းသာ ဖြစ်ပါသည်။

                                  

ငှက်ငယ်

Saturday 7 September 2013

Internet လိုင်းမလို..ဖုန်းလိုင်းမလို Wifi Network မိရုံနဲ့ဖုန်းပြော Message ပို့လို့ရမယ့် APK လေးပါ




     အခုကျွန်တော်တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။

      Zapya apk နဲ. ပုံစံတူပါတယ် ။
    ဒါပေမဲ့ သူက ဖိုင်တစ်ခုနဲ.တစ်ခု လွှဲပြောင်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး ဖုန်းပြောလို.ရမယ် မက်ဆေ့ ပို.လို.ရမယ်ဗျာ စာသင်ခန်းထဲမှာ ဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် နီးနီးလေးနဲ. မက်ဆေ့ပို.နေရတဲ့  ကိုကို မမ များအတွက် အသုံးဝင်ပါလိမ့်မယ် ။

   ဖုန်းဘေလ်မကုန်ပါဘူး  ။  အင်တာနက်မကုန်ပါဘူး (ကျွန်တော်ကြော်ငြာပေးတာပါ)


အသုံးပြုပုံအဆင့်ဆင့်ကို တက်နိုင်သလောက်နားလည်အောင်ပြောပြပေးပါမယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.ကြိုပြောထားပါရစေ နော်....

ဒီ apk လေးကို အသုံးပြုမဲ့ဖုန်းထဲကို အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းပြီးအင်စတောလုပ်လိုက်ပါ။

 ဆက်သွယ်ဖို.အတွက် ဖုန်းရဲ. setting>>portable Wlan hotspot ကိုအမှန်ခြစ်ပေးလိုက်ပါ။ရှင်းအောင်ပြောရရင်တော့ wifi ထောင်လိုက်ပေါ့ဗျာ မသိတဲ့လူတွေအတွက်သေချာရှင်းပြတာပါ။
အဲ့ဒီကမသွားခြင်ရင်လဲ အောက်က ပုံလေးအတိုင်းသွားလိုက်ပါ 


                                   wi-fi hotspot ဆိုတဲ့နေရာကနေသွားလို.ရပါတယ်

ပြီးသွားရင်တော့သူ.ကိုသွားချိတ်မဲ့ ဖုန်းကနေ Wlan ဖွင့်ပြီးရှာကြည်.လိုက်ပါ ဒီအဆင့်ကိုတော့လူတိုင်းလုပ်တက်မယ်လို.ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ coffee ဆိုင်တွေမှာ အင်တာနက်သုံးသလို သူထောင်ထားတာကို ၀င်ချိတ်ယုံပဲ.....password ခံထားရင်တော့ထည်.ပေးပေါ့

ကဲ့ဒါဆိုရင်တော့ အိုကေသွားပြီ နော် ဖုန်းနှစ်လုံး network ချိတ်ပြီးသွားပြီ......ဒီနေရာမှာပြောချင်တာက ဖုန်းနှစ်လုံးအတွက်ပဲရှင်းပြလို. နှစ်လုံးပဲသုံးလို.ရတာမဟုတ်ဘူးနော် 8 ယောက်လောက်အထိရှယ်သုံးလို.ရတယ်.... ပြီးတာနဲ.ဆော့ဝဲလ်လေး ဖွင့်လိုက်ဗျာ အောက်က ပုံလေးလိုဖုန်းအမျိုးအစားအလိုက်ပေါ်နေလိမ့်မယ်



အမျိုးအစားတွေတူနေလို.ရောကုန်မှာကြောက်ရင်လဲ အောက်မှာပြထားသလို setting ထဲမှာ နာမည်ပြန်ပြင်လိုက်ပေါ့

အားလုံးပြီးသွားရင်တော့ မက်ဆေ့လဲပို.လို.ရပါပြီ ကိုပို.ချင်တဲ့ ဖုန်းကို ထောက်ပြီး မက်ဆေ့ပို.ရုံပဲဗျာ 


မက်ဆေ့ပို.လို.အားမရရင် ဖုန်းပါပြောလို.ရတယ် ဗျာ ခေါ်ချင်တဲ့ ဖုန်းမှာဖိလိုက် call ဆိုတာလေးကိုနှိပ်လိုက် ဖုန်းခေါ်နေလိမ့်မယ် 

ခေါ်ထားပြီး ဖုန်းဝင်လာရင်တောင် ၀ိုင်ဖိုင်က ဆက်အလုပ်လုပ်နေတဲ့အတွက် ဖုန်းမကျသွားဘူးဗျာ လိုင်းအားကောင်းရင် သူဘယ်သူနဲ.ဖုန်းပြောနေလဲဆိုတာပါနားထောင်လို.ရသေးတယ် ဘယ်လောက်အဆင်ပြေမလဲ ဒီလောက်ဆိုရင်တော့ အဆင်ပြေပြေသုံးတက်သွားလောက်ပြီထင်တယ် အသံလဲ ကြည်လင်ပြတ်သားပါတယ် ....လိုချင်လာပြီဆိုရင်တော့အောက်ကပေးထားတဲ့လင့်မှာဒေါင်းယူနိုင်ပါတယ်။


Download => Dropbox / Solidfiles
 
 
credit =>http://kaungkhantshare.blogspot.com/
 
အဆင်ပြေကြပါစေ....
 

ငှက်ငယ်

Wednesday 4 September 2013

Facebook Timeline Cover တွေကို အကောင်းဆုံးပြုလုပ်ပေးနိုင်သော Website များ..





          
Facebook Timeline Cover တွေကို အကောင်းဆုံးပြုလုပ်ပေးနိုင်သော Website များ..
 




ကိုယ့် Facebook ရဲ့ Timeline တွေကို အလှဆင်လိုသူများ အတွက် အကောင်းဆုံး ဖြစ်မှာပါ......

Text တွေနဲ့ ပုံဖော်လို့ရသလို....
ထူးထူးဆန်းဆန်းပုံတွေလည်း အများကြီးရှိပါတယ်.......

သူတို့ပေးထားတာ မကြိုက်ရင်လည်း ကိုယ်တိုင် Design ဆွဲဖို့ကိုလည်း အဆင်သင့်ပေးထားပါတယ်......


သွားကြည့်လိုက်ကြဗျို့........
 

>>>http://www.trickedouttimeline.com/

>>>http://picscatter.com/#

>>>http://coverize.me/

>>>http://timelinecoverbanner.com/

>>>http://facecoverz.com/en/

>>>http://thesitecanvas.com/

>>>http://coverjunction.com/

>>>http://www.faceitpages.com/

>>>http://www.fbcoverpix.com/
 
  အဆင်ပြေပါစေ....
 
  ငှက်ငယ်

Saturday 24 August 2013

ရှာဖွေထားသမျှ Portable Software များ



         

ရှာဖွေထားသမျှ  Portable Software များ



 
 
               (USB) Thumb Drive, Hard Drive လေးတွေနဲ့ သယ်ဆောင်ယူသွားနိုင်တဲ့ Portable Software များကို ရှာဖွေရသမျှ  တင်ပေးလိုက်ပါတယ်။ 

အောက်ကနေ ဒေါင်းကြပါ.............


Portable Adobe Photoshop CS5 Extended
 ဒီမှာယူမယ်

Portable Adobe Photoshop CS5 
ဒီမှာယူမယ်

Portable Adobe Photoshop CS4

Portable Adobe Photoshop CS3

Portable Adobe Photoshop CS2

Portable Adobe After Effect CS3

Portable Internet Download Manager 6.03

Portable Super Hide IP 2.1.1.2

Portable Real Hide IP 

Portable Cam Studio

Portable C Cleaner 2.18

Portable Tune Up Utilities 2009 
ဒီမှာယူမယ်

Portable Tune Up Utilities 2010

Portable Driver Scanner 2.0
  ဒီမှာယူမယ်

Portable Total Convert 
ဒီမှာယူမယ်

Portable Registry Fix 8.0
 ဒီမှာယူမယ်

Portable Photozoom Pro 2 
ဒီမှာယူမယ်

Portable Deep Ripper
 ဒီမှာယူမယ်

Portable Deep Burner
 ဒီမှာယူမယ်

Portable Multi Packer 2.05
 ဒီမှာယူမယ်

Portable Easy CD Ripper 1.43
 ဒီမှာယူမယ်

Portable 7-Zip [JPE] 
ဒီမှာယူမယ်

Portable Nero 9.0.9.4d
 ဒီမှာယူမယ်

Portable Nero 9.2.5.0
 ဒီမှာယူမယ်

Portable PC Booster 2008 
ဒီမှာယူမယ်

Portable mIRC v6.31 
ဒီမှာယူမယ်

Portable Yahoo! Messenger 10
 ဒီမှာလည်းရတယ်

Portable Yahoo! Messenger 9.0
 ဒီမှာယူမယ်

Portable Yahoo! Messenger 8.1
 ဒီမှာယူမယ်

Portable Monopoly 2008
 ဒီမှာယူမယ်

Portable Fighter Factory Ultimate
 ဒီမှာယူမယ်

Portable Your Uninstaller 2010 Pro 7.0 
ဒီမှာယူမယ်

Portable u996.exe 
ဒီမှာယူမယ်

______________________________________________________________________
  လူသုံးများတဲ့ Software အများစုကိုဖော်ပြထားပါတယ်။

RAR ဖိုင်တွေ Zip ဖိုင်တွေ များနေတဲ့အတွက် RAR Installer ကို
 
 
 
 
 Zawgyi Myanmar Font for Window 7 64 bit OS  ကို


ဆက်လက်မွှေနှောက်ပါဦးမည်။

ငှက်ငယ်

Friday 26 July 2013

မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်


          *  မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်  *




             မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးကျော်ထွန်းခိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊

လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ(၁၂) ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ
ဟောပြောတင်ခဲ့ပါသည်။


အဆိုပါဟောပြော တင်ပြချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်----------


          လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံခညောင်းပြီး ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း တည်းဟူသော

ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းတို့ဖြင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။


              ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ မြို (ခေါ်)


ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ကိုယ်စားပြု၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်မြိုင်မည့် အဖွဲ့ပါတီရဲ့ ဒုတိယဥက္ကဌ
ဦးကျော်ထွန်းခိုင် ဖြစ်ပါတယ်။

 ကျွန်တော်တို့ အဖွဲ့အနေဖြင့်ရခိုင်ပြည်နယ်မှ (၇)ဦးနှင့် ချင်းပြည်နယ်


ပလက်ဝမြို့နယ်မှ (၂)ဦး ပေါင်း (၉)ဦး၊ လွှတ်တော်(၃)ရပ်တွင် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ကြမယ်ဖြစ်ပါတယ်။


ခုလို နိုင်ငံတော်ပိုင် ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ 

တင်ပြ ဟောပြောခွင့်ရရှိတဲ့အတွက် နိုင်ငံတော်နှင့် ပြည်ထောင်စု


ရွေးကောက်ပွဲကော်မရှင်ကို ကျေးဇူးတင်ရှိပါတယ်။ 

များစွာလည်း ဂုဏ်ယူ ဝမ်းမြောက် မိပါတယ်။


         လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-------


                 ကျွန်တော်တို့ မြို (ခေါ်) ခမိတိုင်းရင်းသား၊ လူမျိုးသမိုင်းကြောင်းကိုအချို့ပြည်သူ အများအပြားတို့က

မသိရှိကြသေးဘဲ ရှိနေဦးမှာဖြစ်တဲ့အတွက် အနည်းငယ် မိတ်ဆက်တင်ပြလိုပါတယ်။ ရှေးဘိုးဘေး၊ ဘီဘင်တို့ရဲ့

နှုတ်ဆင့်ကမ်းစကားအရ လည်းကောင်း၊ မိမိတို့ ဘာသာစကား၊ တေးလင်္ကာပုံပြင်၊ ဝတ္ထုအရလည်းကောင်း။

အနောက်မဇ္စိုမမှ စစ်ဘေးဒဏ်ကြောင့် ဟိမဝန္တာတောင်ခြေများကို ဖြတ်ကျော် လျက် တိဗက်ကုန်းပြင်မြင့်သို့

ရောက်ရှိခဲ့ကြပါတယ်၊ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ၄င်းအာသံ၊

မဏိပူရမှတစ်ဆင့် ခြေဦး တည့်ရာ သွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့အရှေ့ဘက် (၁၀)

မိုင်ကျော်ခန့်အကွာ မိမိတို့ရဲ့ ဘာသာစကားဖြင့် “ကီမာ” ခေါ်ဆိုသည့် ကျောက်ပန်းတောင်နှင့် နီလာ

ပန်းတောင်သို့ရောက်ရှိ အခြေချနေထိုင်ခဲ့ ကြပါတယ်။ ယင်းမှတစ်ဆင့် အချို့တွေဟာဂစ္ဆပနဒီ (ကုလားတန်မြစ်) ရဲ့

အထက်အောက်နှင့် လေးမြို့မြစ်တလျှောက်ပျံ့နှံ့စွာ ဆင်းသက် နေထိုင်ခဲ့ကြပါတယ်။ အချို့မှာ

အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေရှ့် )အထိ ရောက်ရှိ ပျံ့နှံ့ ခဲ့ကြပါတယ်။


                  လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-----------


                 ရှေးလူကြီး၊ သူမတို့၏ သက်ကြီးစကား၊ သက်ငယ်ကြားဆိုတဲ့စကားအရ က္မန်တော်တို့ဟာ မိမိတို့ဘာသာစကားဖြင့်

“ခေါ်မှုန့်” မှ လာသည်ဟု ပြောလေ့ရှိကြပါတယ်။ “ခေါ်မှုန့်” အဓိပ္ပာယ်ကတော့ ဂူထဲမှ (သို့) မှောင်မိုက် သည့်

နရာမှ(သို့) မိုး ကောင်းကင် အောက်ဟု အဓပ္ပာယ်ရပါတယ်။ နောင်အခါ “ခေါ်မှုန့်” မှ “ခေါ်မီ”၊ “ခမီ” “ခမိ”

ဖြစ်လာပါတယ်။ ဂူထဲမှလူ မနုသာလူသားဟူသော အဓိပ္ပာယ် ရပါတယ်။ က္မျန်တော်တို့ ရှေးဦးလူသားတွေဟာ ဂူထဲ၌

အနေကြာလာကြပြီးနောက် လူဦးရေတဖြည်းဖြည်း တိုးပွားလာကြရာမှ ဂူထအဲ နေမဆံ့၍လည်းကောင်း၊ အနာ၊

ရောဂါဘယများပြား၍လည်းကောင်း။ အချင်းချင်း ပြသာနာရှိလာကြ၍ လည်းကောင်း၊

အကြီးအကဲတို့၏ခွင့်ပြုချက်အရ သဘာဝ ကျောက်ခေါင်းထဲမှ အပြင်ထွက် ကြပြီး ခြံစည်းရိုးခုနစ်ထပ်ဖြင့်

ကာရံလျက် နေထိုင် ကြပါတယ်။ ယင်းသို့ ခြံစည်းရိုး ခုနစ်ထပ်ဖြင့် ကျားရဲတိရစ္ဆာန်တို့၏ ဘေးရန်မှ

ကာကွယ်နေထိုင်ခြင်းကို မြို (ခေါ် ) ခမိဘာသာစကားဖြင့် “မရူဆရီကာအဲဒတ်”ဟူ၍ ခေါ်ဆိုကြပါတယ်။ နောင်တွင်

“မရူ”မှ “မရို” ၊ “မြို” ဖြစ်လာပါတယ်။ ရှေးပညာရှိများက က္မျန်တော်တို့ ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် “မြို”

ကို အခြေခံပြု၍ ခြံစည်းရိုးအတွင်းနေထိုင်လူ (လူမျိုး)၊မြိုလူမျိုးဟူ၍ သမိုင်းမှတ်တမ်းများ တင်ခဲ့ကြပါတယ်။

ယင်းမှတစ်ဖန် “ခေါ်မှုန့်”ကို အစွဲပြီး မိမိ တိုဘာသာစကားဖြင့် အချင်းချင်းခေါ်ဝေါ် ရည်ညွန်းပြောဆိုလေ့ ရှိကြတဲ့

“ခမီ”(လူသား)ကိုလည်း အမည်နာမ ပညတ်ပြီး ခေါ်ကြပါတယ်။


               လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား----------


                  ခရစ်သက္ကရာဇ်(၁၈၂၄)ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးနောက် ရခိုင်နှင့် တနင်္သာရီကို ကိုလိုနီစနစ်ဖြင့်

ဦးဆုံးနယ်ချဲ့တို့က ဖိနှိပ်အုပ်ချုပ် ခြင်းကို ရခိုင်တို့နှင့်အတူ က္မျန်တော်တို့ မြို (ခေါ် ) ခမိ

တိုင်းရင်းသားတွေဟာလည်း ခံခဲ့ကြရပါတယ်။ မြို (ခေါ် ) ခမိတိုင်းရင်းသားခေါင်းဆောင် ဦးစပင်နှင့် ဦးဆိန္ဒာတို့ဟာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မြောက်တောင်ကျေးရွာမှ အစပြုပြီး တုတ်၊ ဓား၊ ခယဲမ်း၊ မီးကျောက် စတဲ့

ရရာလက်နက် တို့ဖြင့် တော်လှန် တိုက်ခိုက်ခဲ့ကြပါတယ်။ လက်နက်ချင်းမမျှတဲ့အတွက် မြောက်တောင်ရွာမှ

ဆုတ်ခွာပြီး တင်းမ၊ မီးဝ၊ ပလက်ဝအထိ လည်းကောင်း၊ ယင်းမှ မတူပီ၊ မင်းတပ်တို့မှလည်းကောင်း ဆုတ်ခွာကာ

ခုခံတော်လှန်ခဲ့ကြပါတယ်။

နောက်တစ်ဖန် ကိုလိုနီခေတ်၊ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတို့မှာလည်းပဲ

အမျိုးသားရေး နိုးကြားမှုရှိကြတဲ့ က္မျန်တော်တို့မြို (ခေါ် ) ခမိတိုင်းရင်းသားတွေဟာ ရွပ်ရွပ်ချွံခ္မျံ ပါဝင်ခဲ့ကြပါတယ်။

ဥပမာအားဖြင့် ရခိုင်တိုင်းလုံးဆိုင်ရာ ဖဆပလဥက္ကဌ ဦးပညာသီဟ ဦးဆောင်သော မြို (ခေါ် ) ခမိ

တိုင်းရင်းသားခေါင်းဆောင် ဦးအာဝင်း (ကျောင်းတိုက်ရွာ) နှင့် ဦးအောင်ဘန်း (အကြီးတော် ရွာမ) ဒုတိယ

ခေါင်းဆောင် မြောက်ဦးမြို့နယ်တို့ရဲ့ စီစဉ်မှုဖြင့် တိုင်းဖဆပလ ဥက္ကဌ ဦးပညာသီဟရဲ့မြို (ခေါ်) ခမိအမျိုးသားများ

ကိုယ်ရံတော်တပ်ဖွဲ့မှ ဗိုလ်ထွန်းအောင်ကျော်ခေါင်းဆောင် အဖွဲ့ဟာ

ဂျပန်ဗိုလ်မှူးတာနာကာတပ်ဖွဲ့အားဝင်ရောက်စီးနင်း တိုက်ခိုက်ချေမှုန်းခဲ့ကြပါတယ်။ ယင်းမှ တိုက်ပွဲစဉ်များ

တစ်လျောက်လုံးမှာ က္မျန်တော်တို့ အမျိုသားတွေဟာ ရှေ့တန်းမှ ရခိုင်တိုင်းရင်းသားများ နှင့်အတူ

ပါဝင်တော်လှန်ခဲ့ကြပါတယ်။


လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-----


              ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလ ပါလီမန် ဒီမိုကရေစီခေတ်တွင် ကျွန်တော်တို့

အမျိုးသားတွေဟာ “မြိုအမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ” ကို တည်ထောင်ခွင့် ရရှိခဲ့ပါတယ်။ မိမိတို့လူမျိုး

စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခွင့်အလမ်းများရရှိ အောင် ဆောင်ရွက်နိုင်ရန်အလို့ငှာ

ဖြစ်ပါတယ်၊ ယင်းခေတ်အချိန်၌ ကျွန်တော်တို့ အမျိုးသားတွေဟာ အသိပညာဗဟုသုတ နည်းပါးကြသေးတဲ့အတွက်

ဝိဝါဒများ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများ ရှိနေကြ၍ ပါတီရဲ့ လူမျိုး၊ အမည်နာမကို သမိုင်း မှတ်တမ်းအရ “မြို” မှန်တယ်(သို့)

မိမိတို့ အချင်းချင်း ဘာသာစကားဖြင့် ရည်ညွန်းခေါ်ဝေါ်ကြတဲ့ “ခမီ” မှန်တယ်လို့ အငြင်းပွား ပြသာနာ

ဖြစ်ခဲ့ဖူးကြပါတယ်။


လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား---------------


                  အခုတင်ပြခဲ့တဲ့ အဲဒီအစွဲအလမ်းတွေကြောင့် ကျွန်တော်တို့ အမျိုးသားတေဟာ တော်လှန်ရေးကောင်စီ ခေတ်

(၁၉၇၁-၇၂) ခုနှစ်တွင် နိုင်ငံတော်မှ တိုင်းရင်းသားလူမျိုး သန်းခေါင်စာရင်းကောက်ခံတဲ့အခါ နေထိုင်တဲ့ဒေသ

တစ်ခုစီရဲ့အစွဲ၊ ဝိဝါဒများကြောင့် “ မြို ”နှင့် “ခမိ” တိုင်းရင်းသားဟူ၍ နှစ်မျိုးဖြစ်လာကြပါတယ်။ တစ်ဝမ်းတည်းဖွား

ညီအစ်ကို မောင်နှမအရင်းချာမှ လူမျိုး(၂)မျိုးလို ဖြစ်လာခဲ့ကြရပါတယ်။ ကျွန်တော်တို့အဖွဲ့ပါတီမှာ

ပါဝင်ဆောင်ရွက်ကြတဲ့မြို့နယ်စုံမှ ဗဟို၊မြို့နယ်၊ ကျေးရွာ အလုပ်အမူဆောင်ကော်မတီတွေဟာ “မြို” လူမျိုးနဲ့ “ခမီ”

လူမျိုးဟူ၍ တစ်မျိုးစီဖြင့် နိုင်ငံသား စိစစ်ရေးကတ်၌ ကိုင်ဆောင်ထားကြသူများ ဖြစ်ကြပါတယ်။ အားလုံးတွေဟာ

ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ တူညီပြီး တစ်ဆွေ တစ်မျိုးနွယ်တည်း ဖြစ်ကြပါတယ်။


လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား----------------------------


                ကျွန်တော်တို့ အမျိုးသားတွေဟာ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်မှ နိုင်ငံရေးပါတီများကို မှတ်ပုံတင် လျှောက်ထားခွင့်

ပြုလာတဲ့အခါ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တောမြို့နယ်ဒေသတို့မှ

အမျိုးသားခေါင်းဆောင်တို့က ညီညွတ်စွာဖြင့် အဖွဲ့ပါတီ ထူထောင်ရေးကို အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြ၍

အမျိုးသားထု တစ်ရပ်လုံး ဆန္ဒသဘောထား တူညီမှုအရ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ ပေါက်တောမြို့နယ်

ရေညှင်းချောင်းကျေးရွာ၌ မြို ခေါ် ခမိအမျိုးသား ညီညွတ်ရေးအဖွဲ့ နိုင်ငံရေး ပါတီကို အားလုံးသဘောတူညီစွာဖြင့်

ဖွဲ့စည်း ထူထောင် ခဲ့ကြပါတယ်။ ယင်းအချိန်၌ ကျွန်တော်တို့ အမျိုးသားတွေဟာ ရှိနေပြီးသော လူဦးရေ အရ “မြို”

အမည်နှင့် သုံးသောင်းကျော်၊ “ခမီ” အနေနှင့် နှစ်သောင်းကျော် ဖြစ်နေတဲ့ အတွက် အနာဂတ် ဒီမိုကရေစီစနစ်

ပေါ်ထွန်းလာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ လူဦးရေကို အခြေခံပြီး လူမျိုးစု လွှတ်တော် ကိုယ်စားလှယ်များ ရရှိခွင့်

ရှိလာနိုင်လိမ့်မယ် ဟူ၍ မျှော်မှန်းကြလျက် မြို (ခေါ်) ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့ကို

ဖွဲ့စည်းတည်ထောင်လာကြခြင်း ဖြစ်ပါတယ်။


                   လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ ခင်ဗျား----------------------


                ကျွန်တော်တို့ မြို (ခေါ်) ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့ရဲ့ ရည်ရယ်ွချက်ကို တင်ပြပါမယ်-

(၁) ပြည်ထောင်စု မြန်မာနိုင်ငံ တည်တံခိုင်မြဲရေးအတွက် အခြားးတိုင်းရင်းသားများနှင့် အတူ

လက်တွဲပါဝင်ဆောင်ရွက်ရန်။

(၂) စစ်မှန်သော ဒီမိုကရေစီထွန်းကားလာရေးအတွက် တိုင်းရင်းသားလူမျိုးများ အားလုံးနှင့်အတူ

ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

(၃) နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်။

(၄) မိမိတို့၏ ဓလေ့ထုံးစံယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းပြုစု ပျိုးထောင်သွားရန်။

(၅) မိမိတို့၏ ယဉ်ကျေးမှုများကို အခြားတိုင်းရင်းသားများ သိရှိနားလည်ပြီး အချင်းချင်း ပိုမိုရင်းနှီး ချစ်ကြည်မှု

ရရှိစေရန်တို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အဖွဲ့ပါတီရဲ့ လုပ်ငန်းစဉ်များကို ဆက်လက်တင်ပြသွားပါမယ်-

(၁) တိုင်းရင်းသားများ အခွင့်အရေး တန်းတူရည်တူရှိနိုင်သည့် စစ်မှန်သော ဒီမိုကရေစီစနစ်

ပေါ်ထွက်လာရေးအတွက် ပါဝင်ဆောင်ရွက်သွားမည်။

(၂) တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ကံကြမ္မာကို စီမံဖန်တီးဆောင်ရွက်နိုင်ခွင့် ရရှိရေး အတွက်

ဆောင်ရွက်သွားမည်။

(၃) ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုကို တည်ဆောက် သွားမည်။

(၄) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မိမိတို့၏ နေရာဒေသအလိုက် စီးပွားရေးလုပ်ငန်းများ အံဝင်ခွင်ကျ

အကောင်အထည်ဖော်နိုင်ရေးတို့ကို စနစ်တကျ ပြုစုပျိုးထောင်သွားမည်။

(၅) မိမိတို့နှင့် ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များတူညီသော အခြားအဖွဲ့အစည်းများနှင့် အခါ အားလျော်စွာ

ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။


                    လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ ခင်ဗျား-------------------


                    မိမိနိုင်ငံနဲ့ မိမိတို့ပြည်နယ်၊ မိမိတို့ဒေသ တိုင်းရင်းသား အားလုံးတို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊

ပညာရေးစတဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရေး ကိစ္စရပ်များကို အလေးအနက်ထားပြီး

ဦးစားပေးဆောင်ရွက်သွားပါမယ်။ လူသားချင်း အခွင့်အရေး တန်းတူ ရည်တူ ရှိမှုနှင့် ဥပဒေပါ ရပိုင်ခွင့်

အကျိုးခံစားခွင့် ရရှိရေး ဆောင်ရွက်သွားပါမယ်။ ဒေသအလိုက် မြို့၊ ရွာ များဖံွ့ဖြိုးရေး၊

တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ စာပေ၊ ယဉ်ကျေးမှု ထွန်းကားပေါ်ပေါက်ရေး၊ အကျင့်စရိတ္တမြင့်မားပြီး ဘက်စုံ

ထူးချွန်တဲ့ လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာရေး၊ မိဘမဲ့ကလေးများ ပညာသင်ကြားနိုင်ရေးနဲ့

အလုပ်လက်မဲ့လူငယ်၊ လူရွယ်များ အလုပ်အကိုင် ရရှိရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်သွားပါမယ်။

လူသားချင်း ခေါင်းပုံဖြတ်၊ အမြတ်စားခြင်း၊ အဂတိလိုက်စားပြီးလာဘ်ပေး လာဘ်ယူမှုပပျောက်ရေး၊

ကျဉ်းမြောင်းသည့် လူမျိုးရေးအမြင်နှင့် လူမျိုးအချင်းချင်း နှိမ့်ချခြင်း၊ ကဲ့ရဲ့ခြင်း၊ ရေးသားခြင်း မရှိစေရေးတို့ကို

ဆောင်ရွက်မည် ဖြစ်ပါတယ်။


                     လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား----


               ကျွန်တော်တို့ဟာ မိမိတို့ရဲ့နယ်မြေဒေသ ပြည်နယ်နှင့် နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး

ဘက်စုံဖွံ့ဖြိုးတိုးတက် မြင့်မားရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ်ပါတယ်။ နယ်မြေဒေသတစ်ခု

ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်ထောင်စုကြီးနဲ့ နယ်မြေဒေသအစိတ်အပိုင်း တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်းပဲဖြစ်ပါတယ်။

နောက်တခုကတော့ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပါတယ်။ ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင်

နေထိုင်သည်ဖြစ်စေ ခိုင်မြဲသည့်ပြည်ထောင်စု စိတ်ဓာတ် ထားရှိမွေးမြူသွားကြရန် အလွန်အရေးကြီးပါတယ်။

မိမိတို့အဖွဲ့ပါတီကို ကိုယ်စားပြု၍ လွှတ်တော်ရွှေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်

ကိုယ်စားလှယ်များတွေဟာ မိမိနယ်မြေဒေသ၊ မိမိပြည်နယ်နှင့် မိမိနိုင်ငံအတွက် ခိုင်မြဲသည့်

ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်၏ ကျရာ အခန်းဏ္ဍတို့မှ နိုင်ငံတော်နှင့်

လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားကြမည်ကို အဓိဌာန်ပြုထားကြပြီး ဖြစ်ပါတယ်။


                   လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား----


             ကျွန်တော်တို့ မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ပါတီ၏ တံဆိပ်သင်္ကေတကတော့ ငှက်တော် ဖြစ်ပါတယ်။

မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့၏ပိုင်ဆိုင်သည့် အသည်းထဲမှ မဲတစ်ပြားကို

မိမိနယ်မြေဒေသနှင့် ပြည်နယ်၊ နိုင်ငံအတွက် ဖြစ်တယ်လို လက်ကိုင်ထားကြပြီး မှန်ကန်တဲ့ အတွေးအခေါ်ဖြင့်

အရေးကြီးသည့် ဆန္ဒမဲများကို ဆုံးဖြတ် ထည့်ပေး ကြပါလို့ ရိုးသားစွာဖြင့် မေတ္တာရပ်ခံတင်ပြရင်း

နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်။

: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော်
သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)