Friday, 26 July 2013

မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်


          *  မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်  *




             မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးကျော်ထွန်းခိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊

လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ(၁၂) ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ
ဟောပြောတင်ခဲ့ပါသည်။


အဆိုပါဟောပြော တင်ပြချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်----------


          လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံခညောင်းပြီး ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း တည်းဟူသော

ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းတို့ဖြင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။


              ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ မြို (ခေါ်)


ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ကိုယ်စားပြု၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်မြိုင်မည့် အဖွဲ့ပါတီရဲ့ ဒုတိယဥက္ကဌ
ဦးကျော်ထွန်းခိုင် ဖြစ်ပါတယ်။

 ကျွန်တော်တို့ အဖွဲ့အနေဖြင့်ရခိုင်ပြည်နယ်မှ (၇)ဦးနှင့် ချင်းပြည်နယ်


ပလက်ဝမြို့နယ်မှ (၂)ဦး ပေါင်း (၉)ဦး၊ လွှတ်တော်(၃)ရပ်တွင် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ကြမယ်ဖြစ်ပါတယ်။


ခုလို နိုင်ငံတော်ပိုင် ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ 

တင်ပြ ဟောပြောခွင့်ရရှိတဲ့အတွက် နိုင်ငံတော်နှင့် ပြည်ထောင်စု


ရွေးကောက်ပွဲကော်မရှင်ကို ကျေးဇူးတင်ရှိပါတယ်။ 

များစွာလည်း ဂုဏ်ယူ ဝမ်းမြောက် မိပါတယ်။


         လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-------


                 ကျွန်တော်တို့ မြို (ခေါ်) ခမိတိုင်းရင်းသား၊ လူမျိုးသမိုင်းကြောင်းကိုအချို့ပြည်သူ အများအပြားတို့က

မသိရှိကြသေးဘဲ ရှိနေဦးမှာဖြစ်တဲ့အတွက် အနည်းငယ် မိတ်ဆက်တင်ပြလိုပါတယ်။ ရှေးဘိုးဘေး၊ ဘီဘင်တို့ရဲ့

နှုတ်ဆင့်ကမ်းစကားအရ လည်းကောင်း၊ မိမိတို့ ဘာသာစကား၊ တေးလင်္ကာပုံပြင်၊ ဝတ္ထုအရလည်းကောင်း။

အနောက်မဇ္စိုမမှ စစ်ဘေးဒဏ်ကြောင့် ဟိမဝန္တာတောင်ခြေများကို ဖြတ်ကျော် လျက် တိဗက်ကုန်းပြင်မြင့်သို့

ရောက်ရှိခဲ့ကြပါတယ်၊ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ၄င်းအာသံ၊

မဏိပူရမှတစ်ဆင့် ခြေဦး တည့်ရာ သွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့အရှေ့ဘက် (၁၀)

မိုင်ကျော်ခန့်အကွာ မိမိတို့ရဲ့ ဘာသာစကားဖြင့် “ကီမာ” ခေါ်ဆိုသည့် ကျောက်ပန်းတောင်နှင့် နီလာ

ပန်းတောင်သို့ရောက်ရှိ အခြေချနေထိုင်ခဲ့ ကြပါတယ်။ ယင်းမှတစ်ဆင့် အချို့တွေဟာဂစ္ဆပနဒီ (ကုလားတန်မြစ်) ရဲ့

အထက်အောက်နှင့် လေးမြို့မြစ်တလျှောက်ပျံ့နှံ့စွာ ဆင်းသက် နေထိုင်ခဲ့ကြပါတယ်။ အချို့မှာ

အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေရှ့် )အထိ ရောက်ရှိ ပျံ့နှံ့ ခဲ့ကြပါတယ်။


                  လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-----------


                 ရှေးလူကြီး၊ သူမတို့၏ သက်ကြီးစကား၊ သက်ငယ်ကြားဆိုတဲ့စကားအရ က္မန်တော်တို့ဟာ မိမိတို့ဘာသာစကားဖြင့်

“ခေါ်မှုန့်” မှ လာသည်ဟု ပြောလေ့ရှိကြပါတယ်။ “ခေါ်မှုန့်” အဓိပ္ပာယ်ကတော့ ဂူထဲမှ (သို့) မှောင်မိုက် သည့်

နရာမှ(သို့) မိုး ကောင်းကင် အောက်ဟု အဓပ္ပာယ်ရပါတယ်။ နောင်အခါ “ခေါ်မှုန့်” မှ “ခေါ်မီ”၊ “ခမီ” “ခမိ”

ဖြစ်လာပါတယ်။ ဂူထဲမှလူ မနုသာလူသားဟူသော အဓိပ္ပာယ် ရပါတယ်။ က္မျန်တော်တို့ ရှေးဦးလူသားတွေဟာ ဂူထဲ၌

အနေကြာလာကြပြီးနောက် လူဦးရေတဖြည်းဖြည်း တိုးပွားလာကြရာမှ ဂူထအဲ နေမဆံ့၍လည်းကောင်း၊ အနာ၊

ရောဂါဘယများပြား၍လည်းကောင်း။ အချင်းချင်း ပြသာနာရှိလာကြ၍ လည်းကောင်း၊

အကြီးအကဲတို့၏ခွင့်ပြုချက်အရ သဘာဝ ကျောက်ခေါင်းထဲမှ အပြင်ထွက် ကြပြီး ခြံစည်းရိုးခုနစ်ထပ်ဖြင့်

ကာရံလျက် နေထိုင် ကြပါတယ်။ ယင်းသို့ ခြံစည်းရိုး ခုနစ်ထပ်ဖြင့် ကျားရဲတိရစ္ဆာန်တို့၏ ဘေးရန်မှ

ကာကွယ်နေထိုင်ခြင်းကို မြို (ခေါ် ) ခမိဘာသာစကားဖြင့် “မရူဆရီကာအဲဒတ်”ဟူ၍ ခေါ်ဆိုကြပါတယ်။ နောင်တွင်

“မရူ”မှ “မရို” ၊ “မြို” ဖြစ်လာပါတယ်။ ရှေးပညာရှိများက က္မျန်တော်တို့ ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် “မြို”

ကို အခြေခံပြု၍ ခြံစည်းရိုးအတွင်းနေထိုင်လူ (လူမျိုး)၊မြိုလူမျိုးဟူ၍ သမိုင်းမှတ်တမ်းများ တင်ခဲ့ကြပါတယ်။

ယင်းမှတစ်ဖန် “ခေါ်မှုန့်”ကို အစွဲပြီး မိမိ တိုဘာသာစကားဖြင့် အချင်းချင်းခေါ်ဝေါ် ရည်ညွန်းပြောဆိုလေ့ ရှိကြတဲ့

“ခမီ”(လူသား)ကိုလည်း အမည်နာမ ပညတ်ပြီး ခေါ်ကြပါတယ်။


               လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား----------


                  ခရစ်သက္ကရာဇ်(၁၈၂၄)ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးနောက် ရခိုင်နှင့် တနင်္သာရီကို ကိုလိုနီစနစ်ဖြင့်

ဦးဆုံးနယ်ချဲ့တို့က ဖိနှိပ်အုပ်ချုပ် ခြင်းကို ရခိုင်တို့နှင့်အတူ က္မျန်တော်တို့ မြို (ခေါ် ) ခမိ

တိုင်းရင်းသားတွေဟာလည်း ခံခဲ့ကြရပါတယ်။ မြို (ခေါ် ) ခမိတိုင်းရင်းသားခေါင်းဆောင် ဦးစပင်နှင့် ဦးဆိန္ဒာတို့ဟာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မြောက်တောင်ကျေးရွာမှ အစပြုပြီး တုတ်၊ ဓား၊ ခယဲမ်း၊ မီးကျောက် စတဲ့

ရရာလက်နက် တို့ဖြင့် တော်လှန် တိုက်ခိုက်ခဲ့ကြပါတယ်။ လက်နက်ချင်းမမျှတဲ့အတွက် မြောက်တောင်ရွာမှ

ဆုတ်ခွာပြီး တင်းမ၊ မီးဝ၊ ပလက်ဝအထိ လည်းကောင်း၊ ယင်းမှ မတူပီ၊ မင်းတပ်တို့မှလည်းကောင်း ဆုတ်ခွာကာ

ခုခံတော်လှန်ခဲ့ကြပါတယ်။

နောက်တစ်ဖန် ကိုလိုနီခေတ်၊ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတို့မှာလည်းပဲ

အမျိုးသားရေး နိုးကြားမှုရှိကြတဲ့ က္မျန်တော်တို့မြို (ခေါ် ) ခမိတိုင်းရင်းသားတွေဟာ ရွပ်ရွပ်ချွံခ္မျံ ပါဝင်ခဲ့ကြပါတယ်။

ဥပမာအားဖြင့် ရခိုင်တိုင်းလုံးဆိုင်ရာ ဖဆပလဥက္ကဌ ဦးပညာသီဟ ဦးဆောင်သော မြို (ခေါ် ) ခမိ

တိုင်းရင်းသားခေါင်းဆောင် ဦးအာဝင်း (ကျောင်းတိုက်ရွာ) နှင့် ဦးအောင်ဘန်း (အကြီးတော် ရွာမ) ဒုတိယ

ခေါင်းဆောင် မြောက်ဦးမြို့နယ်တို့ရဲ့ စီစဉ်မှုဖြင့် တိုင်းဖဆပလ ဥက္ကဌ ဦးပညာသီဟရဲ့မြို (ခေါ်) ခမိအမျိုးသားများ

ကိုယ်ရံတော်တပ်ဖွဲ့မှ ဗိုလ်ထွန်းအောင်ကျော်ခေါင်းဆောင် အဖွဲ့ဟာ

ဂျပန်ဗိုလ်မှူးတာနာကာတပ်ဖွဲ့အားဝင်ရောက်စီးနင်း တိုက်ခိုက်ချေမှုန်းခဲ့ကြပါတယ်။ ယင်းမှ တိုက်ပွဲစဉ်များ

တစ်လျောက်လုံးမှာ က္မျန်တော်တို့ အမျိုသားတွေဟာ ရှေ့တန်းမှ ရခိုင်တိုင်းရင်းသားများ နှင့်အတူ

ပါဝင်တော်လှန်ခဲ့ကြပါတယ်။


လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-----


              ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလ ပါလီမန် ဒီမိုကရေစီခေတ်တွင် ကျွန်တော်တို့

အမျိုးသားတွေဟာ “မြိုအမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ” ကို တည်ထောင်ခွင့် ရရှိခဲ့ပါတယ်။ မိမိတို့လူမျိုး

စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခွင့်အလမ်းများရရှိ အောင် ဆောင်ရွက်နိုင်ရန်အလို့ငှာ

ဖြစ်ပါတယ်၊ ယင်းခေတ်အချိန်၌ ကျွန်တော်တို့ အမျိုးသားတွေဟာ အသိပညာဗဟုသုတ နည်းပါးကြသေးတဲ့အတွက်

ဝိဝါဒများ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများ ရှိနေကြ၍ ပါတီရဲ့ လူမျိုး၊ အမည်နာမကို သမိုင်း မှတ်တမ်းအရ “မြို” မှန်တယ်(သို့)

မိမိတို့ အချင်းချင်း ဘာသာစကားဖြင့် ရည်ညွန်းခေါ်ဝေါ်ကြတဲ့ “ခမီ” မှန်တယ်လို့ အငြင်းပွား ပြသာနာ

ဖြစ်ခဲ့ဖူးကြပါတယ်။


လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား---------------


                  အခုတင်ပြခဲ့တဲ့ အဲဒီအစွဲအလမ်းတွေကြောင့် ကျွန်တော်တို့ အမျိုးသားတေဟာ တော်လှန်ရေးကောင်စီ ခေတ်

(၁၉၇၁-၇၂) ခုနှစ်တွင် နိုင်ငံတော်မှ တိုင်းရင်းသားလူမျိုး သန်းခေါင်စာရင်းကောက်ခံတဲ့အခါ နေထိုင်တဲ့ဒေသ

တစ်ခုစီရဲ့အစွဲ၊ ဝိဝါဒများကြောင့် “ မြို ”နှင့် “ခမိ” တိုင်းရင်းသားဟူ၍ နှစ်မျိုးဖြစ်လာကြပါတယ်။ တစ်ဝမ်းတည်းဖွား

ညီအစ်ကို မောင်နှမအရင်းချာမှ လူမျိုး(၂)မျိုးလို ဖြစ်လာခဲ့ကြရပါတယ်။ ကျွန်တော်တို့အဖွဲ့ပါတီမှာ

ပါဝင်ဆောင်ရွက်ကြတဲ့မြို့နယ်စုံမှ ဗဟို၊မြို့နယ်၊ ကျေးရွာ အလုပ်အမူဆောင်ကော်မတီတွေဟာ “မြို” လူမျိုးနဲ့ “ခမီ”

လူမျိုးဟူ၍ တစ်မျိုးစီဖြင့် နိုင်ငံသား စိစစ်ရေးကတ်၌ ကိုင်ဆောင်ထားကြသူများ ဖြစ်ကြပါတယ်။ အားလုံးတွေဟာ

ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ တူညီပြီး တစ်ဆွေ တစ်မျိုးနွယ်တည်း ဖြစ်ကြပါတယ်။


လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား----------------------------


                ကျွန်တော်တို့ အမျိုးသားတွေဟာ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်မှ နိုင်ငံရေးပါတီများကို မှတ်ပုံတင် လျှောက်ထားခွင့်

ပြုလာတဲ့အခါ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တောမြို့နယ်ဒေသတို့မှ

အမျိုးသားခေါင်းဆောင်တို့က ညီညွတ်စွာဖြင့် အဖွဲ့ပါတီ ထူထောင်ရေးကို အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြ၍

အမျိုးသားထု တစ်ရပ်လုံး ဆန္ဒသဘောထား တူညီမှုအရ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ ပေါက်တောမြို့နယ်

ရေညှင်းချောင်းကျေးရွာ၌ မြို ခေါ် ခမိအမျိုးသား ညီညွတ်ရေးအဖွဲ့ နိုင်ငံရေး ပါတီကို အားလုံးသဘောတူညီစွာဖြင့်

ဖွဲ့စည်း ထူထောင် ခဲ့ကြပါတယ်။ ယင်းအချိန်၌ ကျွန်တော်တို့ အမျိုးသားတွေဟာ ရှိနေပြီးသော လူဦးရေ အရ “မြို”

အမည်နှင့် သုံးသောင်းကျော်၊ “ခမီ” အနေနှင့် နှစ်သောင်းကျော် ဖြစ်နေတဲ့ အတွက် အနာဂတ် ဒီမိုကရေစီစနစ်

ပေါ်ထွန်းလာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ လူဦးရေကို အခြေခံပြီး လူမျိုးစု လွှတ်တော် ကိုယ်စားလှယ်များ ရရှိခွင့်

ရှိလာနိုင်လိမ့်မယ် ဟူ၍ မျှော်မှန်းကြလျက် မြို (ခေါ်) ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့ကို

ဖွဲ့စည်းတည်ထောင်လာကြခြင်း ဖြစ်ပါတယ်။


                   လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ ခင်ဗျား----------------------


                ကျွန်တော်တို့ မြို (ခေါ်) ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့ရဲ့ ရည်ရယ်ွချက်ကို တင်ပြပါမယ်-

(၁) ပြည်ထောင်စု မြန်မာနိုင်ငံ တည်တံခိုင်မြဲရေးအတွက် အခြားးတိုင်းရင်းသားများနှင့် အတူ

လက်တွဲပါဝင်ဆောင်ရွက်ရန်။

(၂) စစ်မှန်သော ဒီမိုကရေစီထွန်းကားလာရေးအတွက် တိုင်းရင်းသားလူမျိုးများ အားလုံးနှင့်အတူ

ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

(၃) နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်။

(၄) မိမိတို့၏ ဓလေ့ထုံးစံယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းပြုစု ပျိုးထောင်သွားရန်။

(၅) မိမိတို့၏ ယဉ်ကျေးမှုများကို အခြားတိုင်းရင်းသားများ သိရှိနားလည်ပြီး အချင်းချင်း ပိုမိုရင်းနှီး ချစ်ကြည်မှု

ရရှိစေရန်တို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အဖွဲ့ပါတီရဲ့ လုပ်ငန်းစဉ်များကို ဆက်လက်တင်ပြသွားပါမယ်-

(၁) တိုင်းရင်းသားများ အခွင့်အရေး တန်းတူရည်တူရှိနိုင်သည့် စစ်မှန်သော ဒီမိုကရေစီစနစ်

ပေါ်ထွက်လာရေးအတွက် ပါဝင်ဆောင်ရွက်သွားမည်။

(၂) တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ကံကြမ္မာကို စီမံဖန်တီးဆောင်ရွက်နိုင်ခွင့် ရရှိရေး အတွက်

ဆောင်ရွက်သွားမည်။

(၃) ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုကို တည်ဆောက် သွားမည်။

(၄) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မိမိတို့၏ နေရာဒေသအလိုက် စီးပွားရေးလုပ်ငန်းများ အံဝင်ခွင်ကျ

အကောင်အထည်ဖော်နိုင်ရေးတို့ကို စနစ်တကျ ပြုစုပျိုးထောင်သွားမည်။

(၅) မိမိတို့နှင့် ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များတူညီသော အခြားအဖွဲ့အစည်းများနှင့် အခါ အားလျော်စွာ

ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။


                    လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ ခင်ဗျား-------------------


                    မိမိနိုင်ငံနဲ့ မိမိတို့ပြည်နယ်၊ မိမိတို့ဒေသ တိုင်းရင်းသား အားလုံးတို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊

ပညာရေးစတဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရေး ကိစ္စရပ်များကို အလေးအနက်ထားပြီး

ဦးစားပေးဆောင်ရွက်သွားပါမယ်။ လူသားချင်း အခွင့်အရေး တန်းတူ ရည်တူ ရှိမှုနှင့် ဥပဒေပါ ရပိုင်ခွင့်

အကျိုးခံစားခွင့် ရရှိရေး ဆောင်ရွက်သွားပါမယ်။ ဒေသအလိုက် မြို့၊ ရွာ များဖံွ့ဖြိုးရေး၊

တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ စာပေ၊ ယဉ်ကျေးမှု ထွန်းကားပေါ်ပေါက်ရေး၊ အကျင့်စရိတ္တမြင့်မားပြီး ဘက်စုံ

ထူးချွန်တဲ့ လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာရေး၊ မိဘမဲ့ကလေးများ ပညာသင်ကြားနိုင်ရေးနဲ့

အလုပ်လက်မဲ့လူငယ်၊ လူရွယ်များ အလုပ်အကိုင် ရရှိရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်သွားပါမယ်။

လူသားချင်း ခေါင်းပုံဖြတ်၊ အမြတ်စားခြင်း၊ အဂတိလိုက်စားပြီးလာဘ်ပေး လာဘ်ယူမှုပပျောက်ရေး၊

ကျဉ်းမြောင်းသည့် လူမျိုးရေးအမြင်နှင့် လူမျိုးအချင်းချင်း နှိမ့်ချခြင်း၊ ကဲ့ရဲ့ခြင်း၊ ရေးသားခြင်း မရှိစေရေးတို့ကို

ဆောင်ရွက်မည် ဖြစ်ပါတယ်။


                     လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား----


               ကျွန်တော်တို့ဟာ မိမိတို့ရဲ့နယ်မြေဒေသ ပြည်နယ်နှင့် နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး

ဘက်စုံဖွံ့ဖြိုးတိုးတက် မြင့်မားရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ်ပါတယ်။ နယ်မြေဒေသတစ်ခု

ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်ထောင်စုကြီးနဲ့ နယ်မြေဒေသအစိတ်အပိုင်း တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်းပဲဖြစ်ပါတယ်။

နောက်တခုကတော့ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပါတယ်။ ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင်

နေထိုင်သည်ဖြစ်စေ ခိုင်မြဲသည့်ပြည်ထောင်စု စိတ်ဓာတ် ထားရှိမွေးမြူသွားကြရန် အလွန်အရေးကြီးပါတယ်။

မိမိတို့အဖွဲ့ပါတီကို ကိုယ်စားပြု၍ လွှတ်တော်ရွှေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်

ကိုယ်စားလှယ်များတွေဟာ မိမိနယ်မြေဒေသ၊ မိမိပြည်နယ်နှင့် မိမိနိုင်ငံအတွက် ခိုင်မြဲသည့်

ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်၏ ကျရာ အခန်းဏ္ဍတို့မှ နိုင်ငံတော်နှင့်

လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားကြမည်ကို အဓိဌာန်ပြုထားကြပြီး ဖြစ်ပါတယ်။


                   လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား----


             ကျွန်တော်တို့ မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ပါတီ၏ တံဆိပ်သင်္ကေတကတော့ ငှက်တော် ဖြစ်ပါတယ်။

မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့၏ပိုင်ဆိုင်သည့် အသည်းထဲမှ မဲတစ်ပြားကို

မိမိနယ်မြေဒေသနှင့် ပြည်နယ်၊ နိုင်ငံအတွက် ဖြစ်တယ်လို လက်ကိုင်ထားကြပြီး မှန်ကန်တဲ့ အတွေးအခေါ်ဖြင့်

အရေးကြီးသည့် ဆန္ဒမဲများကို ဆုံးဖြတ် ထည့်ပေး ကြပါလို့ ရိုးသားစွာဖြင့် မေတ္တာရပ်ခံတင်ပြရင်း

နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်။

: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော်
သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

Thursday, 16 May 2013

မြို(ခေါ်)ခမိအမျိုးသားညီညွှတ်ရေးပါတီဥက္ကဌ




                             မြို(ခေါ်)ခမိအမျိုးသားညီညွှတ်ရေးပါတီဥက္ကဌ ဦးစံသာအောင်၏ ဓါတ်ပုံ 



ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေး ပွဲ မှ
မြို(ခေါ်) ခမိ ခေါင်းဆောင်နှင့် အရှိုချင်း အမျိုး သား ခေါင်းဆောင်

Tuesday, 7 May 2013

မြို (သို့) ခမီ (ခမွီး) တို့ကို တီးခေါက်ကြည့်ခြင်း



                  

                   မြို (သို့) ခမီ (ခမွီး) တို့ကို တီးခေါက်ကြည့်ခြင်း




မြို (သို့) ခမီ (ခမွီး) တို့ကို တီးခေါက်ကြည့်ခြင်း

ဒီနေရာမှာ ကျနော် အမြင်ကို အယင်းတင်ပြပါမည်။ ကျနော်အထင် မြို (ခ) ခမီသည် တခုခု လွဲနေသလို ခံစားရပါသည်။ အဘယ်ကြောင်းဆိုသော် ရခိုင်လူမျိုးတို့တွင် အစိုးရ၏ တရားဝင်သတ်မှတ်ချက်အရ တိုင်းရင်းသား (၇)မျိုးရှိပါသည်။ ၄င်းတို့မှာ.................



1. ရခိုင်လူမျိုး
2. ကမန် မျိုးနွယ်စု
3. ခမွီး မျိုးနွယ်စု
4. ဒိုင်းနက် မျိုးနွယ်စု
5. မရမာကြီး မျိုးနွယ်စု
6. မြို မျိုးနွယ်စု
7. သက် မျိုးနွယ်စု


              ဤသို့ဆိုလျှင် မြိုသည် သက်သက်ဖြစ်မည်။ ခမီ(ခမွီး)သည် သက်သက်ဖြစ်ရမည်ထင်ပါသည်။ မြိုသမိုင်းများနှင့် ပါတ်သတ်ပြိး တော်ရုံသင့်ရုံသော စာပေများကို တွေ့ရှိရသော်လည်း ၊ ခမီ(ခမွီး)နှင့် ပါတ်သတ်ပြီး စာပေများ အလွန်နည်းပါးပါသည်။

               
              ဤနေရာတွင် မြိုစကားနှင့် ခမီ(ခမွီး)စကားကို သုံးသပ်ကြည့်လျှင်လည်း နေရာ ဒေသလိုက်ပြီး စကားကွဲလွဲနေသောကြောင်း ညှိုနှိုင်းရန်ပင်ခက်ခဲ့ပါသည်။ မြို နှင့် ခမီ(ခမွီး)တိုင်းရင်းသားတို့သည် စာပေရေးတွင်လည်း အလွန့် ဗဟုသုနည်းသောကြောင်း တစ်ကြောင်း၊ စာပေပညာရှင်များ ရှားပါးလွန်သောကြောင်း တစ်ကြောင်း စာပေဆိုင်ရာ အလွန်အားနည်းရခြင်းဖြစ်သည်ဟု သုံးသပ်မိပါသည်။ သို့သော်လည်း ၁၃.၁၀.၂၀၁၀ ရက်နေ့ ထုတ် မြန်မာသတင်စာတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလပါလီမန် ဒီမိုကရေစီခေတ်တွင် မြိုအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီကို တည်ထောင် ခွင့်ရရှိခဲ့သည်။

         ယင်း ခေတ်အချိန်က မြို (ခေါ်) ခမိ အမျိုးသားများသည် အသိပညာ ဗဟုသုတ နည်းပါးကြသေးသည့်အတွက် ဝိဝါဒများ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများ ရှိနေကြခြင်းကြောင့် လူမျိုး အမည်နာမကို သမိုင်းမှတ်တမ်းအရ မြို မှန်သည် သို့မဟုတ် ဘာသာစကားအားဖြင့် ရည်ညွှန်းခေါ်ဝေါ်ကြသည့် ခမီ မှန်သည်ဟု အငြင်းပွားပြသနာဖြစ်ခဲ့ဖူးသည်။

           ယင်းကြောင့် ၁၉၇၁-၇၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်မှ တိုင်းရင်းသားလူမျိုး သန်းခေါင်စာရင်းကောက်ခံသည့်အခါ နေထိုင်သည့် ဒေသတစ်ခုစီရဲ့အစွဲ၊ ဝိဝါဒများကြောင့် မြို နှင့် ခမိ တိုင်းရင်းသားဟု နှစ်မျိုးဖြစ်လာသည်။



               ၁၉၉ဝ ရွေးကောက်ပွဲတွင် လူအင်အားနည်းသောကြောင်း မြိုနှင့် ခမီ(ခမွီး)ကို ပေါင်းစပ်ပြီ မြို(ခ)ခမီ အမျိုးသားညီညွှတ်ရေးအဖွဲ့ဆိုပြီး ရွေးကောက်ပွဲဝင်ရောက် ချိန်းပြိုင်ခဲ့ရာ ဒေသ (၂)ခုတွင် အနိုင်ရရှိခဲ့ပါသည်။ ထိုအချိန်က ပါတီဥက္ကဌ ဦးစံသာအောင် ကိုယ်တိုင်း မြိုသက်သက်ဖြင့် မဲမနိုင်၊ ခမီသက်သက်ဖြင့် မဲမနိုင်ဆိုပြီး မြိုနှင့် ခမီကို ပေါင်းစပ်ပြီး မြို(ခ) ခမီပါတီကို တည်ထောင်ပြီး အမျိုးသားချင်း ညီညွှတ်အောင် ပေါင်းစပ်ခဲ့ခြင်းဖြစ်သည်ဟု အတည်အလင် ကြေငြာခဲ့သည်။ 


           သို့သော်လည်း ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ၂၀၁၀-ရွေးကောက်ပွဲအတွက် မြိုခေါ်ခမီပါတီ၊ မြိုပါတီ။ ခမီပါတီ ဆိုပြီး ပါတီ (၃)မျိုး ထွက်လာပေါ်လာခဲ့ပါသည်။ ထိုကြောင်း အမြင်ရှင်းနိုင်ရန်အတွက် ခမီ(ခမွီး)တို့မှ ပညာရှင်များ စာတမ်းပြုစုပြီး ခိုင်မာသော သမိုင်းအထောက်အထားများ ရှာဖွေ တင်ပြကြပါရန်နှင့် မြို တိုင်းရင်းသားတို့မှလည်း ခိုင်မာသော အထောက်အထားများ တင်ပြကြစေလိုကြောင်း ကျနော်အမြင်ကို ဒီနေရာမှာ အဆုံးသတ်ပါရစေ။

             စကားချပ်တခုအနေဖြင့် ကျနော်တို့ ရခိုင်သည် ခမီ(ခမွီး)နှင့် မြိုတို့အား ရခိုင်တိုင်းရင်းသား ညီအစ်ကိုအဖြစ် ရင်ထဲ အသည်းထဲမှ ခံယူပြီး လုံးဝ (လုံးဝ) ချစ်ခင် ယုံကြည်သည်မှာ မြေကြီးလက်ခတ်မလွဲကြောင်း ကျနော် ရဲရဲကြီး အာမခံရဲပါသည်။ လူမျိုး တစ်မျိုး၏ သမိုင်းကို ထောက်ပြရသောကြောင်းအမှားများ ပါခဲ့လျှင် ကျနော်၏ အမှားသာ ဖြစ်ပါလိမ်မည်။

မြိုခမီ လူမျိုးတို့၏ နောက်ခံသမိုင်း (နောက်ဆုံးပိုဒ်)



               

      မြိုခမီ လူမျိုးတို့၏နောက်ခံသမိုင်း (နောက်ဆုံးပိုဒ်)


                    သို့ဖြစ်ရာ ထိုကာလများအတွင်း၌မြိုလူမျိုးများ ရှိနေခြင်းကြောင့် မြို့ပြနိုင်ငံထူထောင်နိုင် ခဲ့ကြသည်ဟု ယူဆနိုင်ပါသည်။ ကံရာဇာကြီးသည် ကျောက်ပန်းတောင်းမြို့၌ နန်းသက် ၂၄- နှစ်မျှ၊ စိုးစံခဲ့ရာ ဆယ်စုနှစ် နှစ်စုမျှ ဖြတ်သန်းရသောကာလ၌ ထိုဒေသဝန်းကျင်၏ အဆင်ပြေညီညွတ်စေသည့် အကြောင်းတရားများ ပံ့ပိုးမူများစွာ ပါဝင်နိုင်ပေသည်။

စင်စစ် ပထမမြိုမင်းကြီး ငတိန်ကာ (ခုနောန်တိန်း) သားတော်များသည် ကျောက်ပန်းတောင်း ပတ်ဝန်းကျင်တွင် မြို့ရွာ တည်ထောင်၍ အုပ်စိုးရင်းရှိသဖြင့် ကံရာဇာကြီးသည် ကျောက်ပန်းတောင်းမြို့ကို သာယာကြီးမြင့်စွာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိပါသည်။

              ရခိုင်ရာဇဝင်များတွင်မြိုမင်းဆက်အကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။ ထို စူဠစန္ဒါရားမင်းလွန်တော်မူလေလျှင် ဝေသာလီကျောက်လှေကားမြို့ဝယ် ကြွင်းကျန်ရစ်သော မှူးတော်မတ်တော်တို့သည် စန္ဒာဒေဝီ မိဖုရားနှင့် တိုင်ပင်တော်မူကြလျက် မိဖုရားသည်

အမတ်တို့သင်တို့ အရှင်ဖြစ်သော မင်းကြီးသည် တကောင်သင်းတွဲပြည်သို့ သွားခါနီး၌ မှာတော်မူခဲ့လေသည်။ အဘယ်သို့ မှာတော်မူခဲ့သနည်းဟူမူကား၊ မိဖုရား….ငါသည် သမုဒ္ဒရာခရီးဖြင့် သင်းတွဲပြည်သို့ ကြွသွားတော်မူပေအံ့၊ သမုဒ္ဒရာခရီးသည် အလွန်ဘေးရန်များလေသောကြောင့် ငါပြန်မရောက်ခဲ့သည်ရှိသော် ဤလက်စွပ်နှင့် တန်သောသူကို မင်းပြုရစ်ပေတော့ဟု မှာတော်မူခဲ့လေသတည်း………..

                              

                ဤသို့မှာတော်မူခဲ့သည့်အတိုင်း လက်စွပ်နှင့် တန်သောသူကို ရှာကြလော့ဟု ပြောကြားလေလျှင် အမတ်တို့သည် မင်းကြီး၏ တူဖြစ်သော စန္ဒာကူးမသားနှင့်တကွ မင်းမျိုးမင်းနွယ်တို့၏ လက်၌ ဝတ်စေသော်လည်းကောင်း၊ အမတ်ကြီး၊ စစ်သူကြီး၊ ပြည်စိုး၊ ဘဏ္ဏာစိုး၊ မြို့ကွပ်၊ ကလန်၊ သံပျင်တို့၏ လက်၌ ဝတ်စေသော်လည်း မတန်လေသောကြောင့် ချောင်းဖျား မြောင်းဖျားတောတောင် အနှံ့ရှာကြသော် မီးချောင်း၏အဖျား သလူချောင်း၌ အဆင်းအဝါ၊ အစွမ်းခွန်အားနှင့် ပြည့်စုံသောမြိုသင်းကြီးညီနောင် သားအဖသုံးယောက်တို့ကို ကွန်ပစ်၍ တွေ့လေလျှင် လက်စွပ်ကို ဝတ်စေ၍ တန်လတ်သည်ရှိသော် သုံးယောက်လုံးကို ဝေသာလီပြည်သို့ ဆောင်ယူခဲ့၍မြိုသုံးယောက်တွင် အကိုကြီး အမြတူကို စန္ဒာဒေဝီ မိဖုရားနှင့် သက္ကရာဇ် ၁၃၁-ခုနှစ်တွင် မင်းအဖြစ် တင်မြှောက်ကြလေ၏။ ညီတော် အမြကူကိုကား အိမ်ရှေ့အရာ နှင်းအပ်ပေ၏။ သားပဲဖြူကိုကား မြောက်ဦးဟူသော ရွာကို အပ်နှင်းပေ၏ 

                     ရခိုင်မဟာရာဇဝင်တော်ကြီး၌မူ အမြတူ၊ အမြကူ၊ ပဲဖြူမြိုမင်းတို့သည် ဝေသာလီမြို့တော်၌ မင်းလုပ်လျက်ရှိသောကြောင့် နောင်တော်ခေတ္တသင်မင်းနှင့် ပုဂံပြည်၌ အလောင်းစည်သူမင်းအား အကြောင်းကြားလေသည်။ ထိုအခါ အလောင်းစည်သူသည် ဝေသာလီမြို့တော်သို့ ချီတက်လာပြီးလျှင်မြိုမင်းတို့ကို ဖယ်ရှားပြီး ခေတ္တသင်မင်းကို နန်းတင်တော်မူခဲလေသည်ဟူ၍ ဖော်ပြပါသည်။

                    ဆရာဇေယျ၏ မှတ်တမ်းဝင် ဗမာ့ အရေးအခင်းများ စာအုပ်တွင်လည်း အထက်ပါ ဓညဝတီ ရာဇဝင်လာ အကြောင်းအရာများကို အခြေခံလျက်မြိုမင်းဆက်အကြောင်း ရေးသားထားသည်ကို တွေ့ရပါသည်။ မတူညီသည့်အချက်မှာ ဓညဝတီ ရာဇဝင်သစ်၌မြိုသင်းကြီး ညီနောင် သုံးဦးကို တွေ့ဆုံသည့်အရပ်ကို ဖော်ပြရာ၌မီးချောင်း၏ အဖျားသလူချောင်းဖျား၌ဟူ၍ ဖော်ပြသော်လည်း၊မှတ်တမ်းဝင် ဗမားအရေးအခင်းများစာအုပ်တွင် သလူချောင်းဖျားဟူ၍သာ ဖော်ပြပါသည်။ ထို့နောက်မြိုလူမျိုးတို့၏ နေရပ်ကို ပြဆိုသောအခါ၌မြိုလူမျိုးများသည် ယခုအခါ ရခိုင်တိုင်း မြောက်ပိုင်း၊ စစ်တွေ စီရင်စု၊ ဘူးသီးတောင်နယ်တွင် မထင်မရှားလူစုလေး တစ်စုဘဝသို့ ရောက်၍နေရှပေသည်ဟု ဖော်ပြထားသည်။ 

               သလူချောင်းဖျားသည် ဘူသီးတောင်နယ်၌ ရှိလေမည် ထင်ရပါသည်။ ရာဇဝင်၏ အကြောင်းအရာများသည်လည်း ဘူသီးတောင်နယ်၌ မြစ်ဖျားခံလေဟန် ထင်ရပါသည်။ စင်စစ် သလူချောင်းသည် မီးချောင်း၏ လက်တက်တစ်ခုဖြစ်ပြီး မီးချောင်းသည်လည်း ပလက်ဝဒေသ ကုလားတန်မြစ် အရှေ့ဘက်ကမ်းမှ မြစ်လက်တက် တစ်ခုဖြစ်ပါသည်။ ရာဇဝင်၏ မြစ်ဖျားခံရာချောင်းသည် မီးချောင်း ဒေသပင်ဖြစ်ပါသည်။

 

              ထိုအကြောင်းကို ရခိုင်မင်းသမီး ဧချင်း ပိုဒ် ၁၄-

ဆားဝမီးထဲ တောင်ယာပဲဝယ်

အမြဲနေပင် မြိုတွင် ထင်ရှား

သင်းကြီးသားလျှင် ရည်သွားလုံးရပ်

စည်းကြပ်ကျစ်ကြော ချောမောဆင်းရောင်

ညီနောင်သားဘ သုံးယောက်ရ၍

အစတည်တုံ အမြတူနှင့်

တူစုံသားမောင် ထီးနန်းဆောက်၍

နောင်တလစ်မူ သားပဲဖြူနှင့်

ရိပ်ဖြူဆောင်းချုပ် ပြည်ရွာအုပ်လျက်။

ဟူ၍ ဖော်ပြထားရာဆားဝမီးထဲဟု ဖော်ပြခြင်းသည် အမြတူတို့ ညီနောင်သုံးဦးကို တွေ့ရှိသည့်အရပ်ဖြစ်ပါသည်။

 

                   ယခုတိုင်ဆားဝကျေးရွာ ရှိနေခြင်းကိုထောက်၍ မီးချောင်းဆားဝကျေးရွာ ဒေသဟူ၍ ယူလျှင် ပို၍ဆီလျော်ဖွယ်ဖြစ်ပါသည်။

မြိုမင်း အမြတူ ဝေသာလီ၌ နန်းတက်နှစ်သည် ကောဇာ သက္ကရာဇ် (၁၃၁) ခုနှစ် ခရစ်နှစ် အေဒီ (၇၆၉) ခုနှစ် နန်းတက်၍ ထိုမင်းသည် အိမ်နိမ့် (၄၂) နှစ်၊ နန်းစံ () နှစ် သက်တော် (၄၇) နှစ်၊ အေဒီ (၇၇၅) တွင် အနိစ္စရောက်သည်။ အမြတူ နတ်ရွာစံပြီးနောက် ပဲဖြူမင်းသားသည် စန္ဒာဒေဝီ မိဖုရားနှင့် ကောဇာသက္ကရာဇ် (၁၃၈) ခုနှစ်၊ ခရစ်နှစ် အေဒီ (၇၇၆) ခုနှစ်တွင် ထီူးနန်းကို ဆက်ခံလေသည်။ ကိန်းခန်းကုန်ပြီးဖြစ်သော ဝေသာလီမြို့မှ မိမိမူလ စားကျေးစားခဲ့ရသည့် မြောက်ဦးနေပြည်တော်ကို ပြောင်းရွှေ့ပြီး ထီးနန်းစည်းစိမ်ကို ခံစားခဲ့သည်။ မြောက်ဦးမြို့တွင် (၁၇) နှစ် နန်းစံပြီးမှ ကိုးသောင်းသော ရှမ်းတို့သည် အဉ္စနဒီ (လေးမြို့မြစ်) ဖျားမှ စုန်ဆင်းကာ စစ်မက်ပြုသည်။ ပဲဖြူမင်းလည်း အားမတန်သောကြောင့် မိဖုရား၊ မောင်းမိဿံ၊ ရဲမက်ဗိုလ်ပါတို့ဖြင့် ယိုးချောင်းဖျား၊ သပိတ်တောင် (ယခု ရွှေပန်းခိုင်မြိုရွာ) တွင် မြို့တည်လေသည်။ မကြာမီ ပဲဖြူမင်းသည် အေဒီ (၇၉၄) ခုနှစ်တွင် အိမ်နိမ့် (၂၃) နှစ်၊ နန်းစံ (၂၄) နှစ်၊ သက်တော် (၄၇) နှစ်ဝယ် နတ်ရွာစံတော်မူလေသည်။ 

         

               ၁၈--ရာစု တွင်လည်း ပျားတဲဒေသသား အဘိယမဟာရာဇာဘွဲ့ဖြင့် ဘုရင်တစ်ပါး ပေါ်ထွန်းပြီး မြောက်ဦးထီးနန်းကို ဘုရင်စန္ဒာပါရမ နတ်ရွာစံပြီးနောက် ဆက်ခံခဲ့သည်ဟု ပါရှိသည်။ အမှန်တွင် ပျားတဲအုပ်စု၊ ကျောင်းတိုက်ကျေးရွာမှမြိုလူမျိုးတစ်ဦးဖြစ်သည်ကို စာရေးဆရာက ကျေးရွာနာမည်ကို တိတိကျကျ မဖော်ပြပါ။ အဆိုပါ ကျောင်းတိုက်ကျေးရွာသည် မြောက်ဦးမြို့နယ် ပျားတဲကျေးရွာ အုပ်စုတွင် ပါရှိပြီး ယနေ့တိုင် အိမ်ခြေပေါင်း (၁၅) အိမ်ထောင်စုဖြင့် တည်လျက်ရှိပေသည်။ အဘိယမဟာရာဇာမင်းကိုမြိုလူမျိုးအမည်ဖြင့်ရုပ်ဆွေဖဘုရင်ဟုမြိုလူမျိုး ရှေးလူကြီးများက ပြောစမှတ်ပြုကြသည်။ မြောက်ဦးခေတ် ဘုရင်မင်းဆက် စာရင်းကို စစ်ဆေးကြည့်သောအခါ အဘိယမဟာရာဇာဘုရင်သည် အေဒီ (၁၇၆၄-၁၇၇၃) ခုနှစ်ထိ မြောက်ဦး ထီးနန်းကို ဆက်ခံခဲ့သည်ကို တွေ့ရသည်။

ဦးစိုင်းအောင်ထွန်း၏ ( Amulti-Ethnic Myanmar and the challenge of the 21st century) စာတမ်းတွင် (C-Kuki-chin group) တွင် ခမီလူမျိုးပါဝင်ပြီး (H-Mro-Group) တွင် မြိုလူမျိုးပါဝင်နေသည်ကို တွေ့ရပါသည်။ ၎င်းစာတမ်းရှင်၏ အယူအဆအရဆိုလျှင် ( မြိုလူမျိုးနှင့် ခမီလူမျိုး) တို့သည် သီးခြားလူမျိုး ဖြစ်နေပါသည်။

 

            စာတမ်းရှင်၏ အယူအဆအရဆိုလျှင်မြိုလူမျိုးနှင့်ခမီလူမျိုးတို့သည် သီးခြားလူမျိုးကွဲများ မဟုတ်ဘဲ အထက်ပါစာတမ်း၏ ဖော်ပြချက်အရ အတူတူဟု ဆိုနိုင်ပါသည်။ ထို့အပြင် မြို(ခေါ်)ခမီ လူမျိုးတို့သည် (ကူကီ-ချင်း) အုပ်စုတွင် ပါဝင်နေခြင်း၊ ၁၉၉၃-ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသော အမျိုးသားညီလာခံတွင် ၎င်းလူမျိုး၏ပါတီအမည်ကို (မြို(ခေါ်)ခမိ) အမျိုးသားညီညွှတ်ရေးအဖွဲ့ဟူ၍ တွေ့ရခြင်းတို့ကြောင့် မြိုနှင့်ခမီ လူမျိုးတို့သည် လူမျိုးတူ ဖြစ်ပါသည်။

မြန်မာစွယ်စုံကျမ်း အတွဲ () ၊စာ-၄၂၅၊ ၄၂၆ တွင် တိဘက်မြန်မာ အုပ်စုမှ ချင်းအုပ်စုခွဲတွင် ပါဝင်သော တိုင်းရင်းသား လူမျိုးများအနက် မြိုလူမျိုးတို့သည် စစ်တွေခရိုင်၊ ဘူးသီးတောင်ဒေသနှင့် မီးချောင်း၊ ပီချောင်း တစ်လျှောက်တွင် နေထိုင်ကြသည်။ ထို့အပြင် အရှေ့ပါကစ္စတန်ပြည်၊ စစ်တကောင်းတောင်တန်း၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျိုးတို့ နေထိုင်ကြသည်။ ၁၉၃၁-ခုနှစ် သန်းခေါင်စာရင်းအရ မြိုလူဦးရေမှာ ၁၃၇၆၆ ခန့်ရှိသည်။ 

 

                  ယနေ့မြိုလူမျိုးများသည် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်တို့တွင် နေထိုင်ကြသည်။ ရခိုင်ပြည်နယ်တွင်မြိုလူမျိုး ကျေးရွာပေါင်း ၃၃၄- ရွာရှိသည်။ ၂၀၀၇ ခုနှစ် သန်းခေါင်စာရင်းအရ မြိုလူမျိုးဦးရေမှာ ၈၀၀၀၀ ကျော်ရှိသည်။

မြိုလူမျိုးတို့၏ ဆင်းသက်လာပုံနှင့် သမိုင်းကြောင်း အဖြစ်အပျက်ကို ခြုံငုံသုံးသပ်ကြည့်လျှင်-

ရခိုင်ရာဇဝင်များအရ မြိုလူမျိုးတို့သည် ရှေးကျသော လူမျိုးစု တစ်စုဖြစ်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသနှင့် ချင်းပြည်နယ်၊ မတူပီနှင့် ပလက်ဝမြို့နယ်များဖြစ်သော ဆမီချောင်းနှင့် မီးချောင်းဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။ တိဗက်-မြန်မာအုပ်စုတွင် ပါဝင်ပြီး၊ ကိုယ်ပိုင် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ထုံးဓလေ့များသည် ယနေ့တိုင် လေ့လာတွေ့ရှိနိုင်ပေသည်။မြိုလူမျိုးတို့သည် မြောက်ဘက်အာသံလောက်မှစ၍ မြန်မာနိုင်ငံအတွင်းသို့ ဘီစီ (၄၀၀၀မှ ၃၅၀၀) အတွင်း ဝင်ရောက်လာကြသည်ဟု ယူဆရသည်။ ထိုကာလအတွင်း ကုလားတန်မြစ်ဖျား ဒေသမှ တစ်ဆင့် မြစ်မရိုးနှင့် မြစ်လက်တက် တလျှောက် အခြေစိုက် နေထိုင်ရင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသသို့ ပျံ့နှံ့ရောက်ရှိလာခဲ့ကြသည်။ ထိုသို့ အခြေစိုက်နေထိုင်စဉ် အတော်အတန် အဆင့်မြင့်သည့် အုပ်ချုပ်ရေးစနစ်များကို ထူထောင်နိုင်ခဲ့ကြသည်။

            

              မာရယုမင်းသားကဲ့သို့ ဘုန်းလက်ရုံးနှင့် ပြည့်စုံသည့် ယောက်ျားကောင်းများကို စနစ်တကျ ပြုစုပျိုးထောင် ပေးနိုင်ခဲ့သည်။ ရခိုင်ထီးနန်းကို ဝေသာလီခေတ်တွင်မြိုမင်းအမြတူ၊ ပဲဖြူမင်းတို့မင်းဆက် () ဆက်နှင့် မြောက်ဦးခေတ်တွင် အဘီယမဟာရာဇာဘွဲ့ဖြင့် မင်းဆက် တစ်ဆက်အုပ်ချုပ်နိုင်ခဲ့သည်။ ယေဘုယျအားဖြင့်မြိုလူမျိုးများကို ရှေးအခါက အဝခမီ၊ အဖျားခမီနှင့် တောင်မြိုဟု ခေါ်ပြီး ယနေ့တိုင် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစု အနေဖြင့် ရပ်တည်နေသည်။မြိုလူမျိုးတို့၏ ပုံပြင်အရ အမှောင်လောကမှ ဆင်းသက်လာသော သူများဖြစ်ကြသည်။ အချို့ပညာရှင်များ၏ အယူအဆအရ ချင်းအုပ်စုကွဲများ ဖြစ်ကြသည်။ မြန်မာနိုင်ငံသမိုင်းတွင် တိုင်းရင်းသားလူမျိုးကြီးများဖြစ်သော ရခိုင်၊ ဗမာ၊ မွန်နှင့် ကရင်လူမျိုးကဲ့သို့ မြိုလူမျိုးတို့တွင် မှတ်တမ်းအားနည်းနေခြင်းတို့ကြောင်း သုတေသနပညာရှင်များက လွဲ၍ လူသိနည်းပါးသည်။

              သို့သော် ၁၉၉၃-ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသော အမျိုးသားညီလာခံတွင် မြို(ခေါ်)ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့အနေဖြင့် ယနေ့တိုင် တရားဝင်ပါတီ အဖွဲ့အနေဖြင့် ရပ်တည်လျက်ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစု အဖြစ် ပိုမို ထင်ရှားလူသိများလာသည်။


ဒေါက်တာကျော်သိန်း (မြောက်ဦး)

နည်းပြ၊ သမိုင်းဌာန

ရန်ကုန်တက္ကသိုလ်

ရန်ကုန်မြို့

.၁၂.၂၀၀၉

(--၂၀၁၀ တွင် / ကထိက ရာထူတိုးပြီး ၂၆--၂၀၁၀ တွင် ကွယ်လွန်သည်)

1. (က) ဉာဏ၊ ဓညဝတီသစ်၊ စာ-၉၅-၉၆

() ထွန်းရွှေခိုင်၊ ရခိုင်ရှေးဟောင်း မြို့တော်များ၊ စာ-၃၃

() အောင်ဇေယျ၊ ရက္ခပူရကြေးမုံကျမ်း၊ စာ-၅၄

()Maung Tha Hla, “The Rakhing”, Washington.D.C, October, 2004, p-28

() U Shwe Zan, The Golden Mrauk-U : An ancient capital of Rakhing, Yangon, Cho Tay Than sarpay Third print-2004-p.151

() Parela Gutman, Ancient Arakan with special reference to its cultural history between the 5th and 11th centuries, vol.1 . Ph.D Thesis Austrolian national University. 1976. p.11

2. သာထွန်းအောင်၊ ရခိုင်မဟာရာဇဝင်တော်ကြီး၊ စာ-၁၅

3. ဆရာဇေယျ၊ ဗမာ့မှတ်တမ်းဝင် အရေးအခင်းများ၊ ရန်ကုန်၊ ဝင်းပုံနှိပ်တိုက်၊ ၁၉၇၀၊ စာ-၁၀

4. အဒူမင်းညို၊ ရခိုင်မင်းသမီး ဧချင်း၊ စာ- ၂၆

5. (က)စိန်သာထွန်း၊ မြိုလူမျိုးအကြောင်း၊ လက်ရေးမူ။ ၁၉၈၈၊ စာ-

() ထွန်းရွှေခိုင်၊ ရခိုင်ရှေးဟောင်း မြို့တော်များ၊ စာ-၃၄ တွင် ပဲဖြူမင်းသည် ဝေသာလီပြည် ကိန်းခန်း သိုက်ဓာတ်ကုန်လတ်သော်ကား၊ စွန့်သွား ပြည်ရွာ၊ ပြောင်းလဲခွာ၍၊ ဦးစွာကြံမြောက်၊ နိမိတ်ကောက်လျက်၊ မြောက်ဦးမြို့တည်၊ စံမြည်းသည်နှင့် ဟုပါရှိသည်။

()ဓညဝတီ အောင်ဇေယျ၊ ရက္ခပူရကြေးမုံကျမ်း၊ စာ-၇၂

6. U Shwe Zan, The golden Mrauk-U. p-20

7. Sai Aung Tun, A multi Ethnic Myanmar and the challenge of the 21st century, proceedings of the Myanmar Two millennia conference 15-17 December 1999, University Historical Research centre, Yangon.

8. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ () ရန်ကုန်။ စာပေဗိမာန်၊ ၁၉၆၄၊ စာ-၄၂၅၊ ၄၂၆


ကျမ်းကိုးစာရင်း

၁။ ကေသာရ၊ အသျှင်။ မာရယုနှင့် ဗေဒါရာဇဝင် ရှင်းတမ်း ဒီမိုကရေစီ ပုံနှိပ်တိုက်၊ ရန်ကုန် ၁၃၇၁ ပြာသိုလ။

၂။ ကမ္ဘာ့သမိုင်း မှတ်တိုင်များ၊ ပထမတွဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟိုကော်မတီ ဌာနချုပ်၊ ရန်ကုန်၊ ၁၉၆၇၊ မေလ။

၃။ စာခေါင်(မောင်) မြိုဘာသာစကား၏ စကားသံများကို သဒ္ဒါဗေဒအမြင်ဖြင့် လေ့လာချက်၊ တက္ကသိုလ် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၉၀။

၎။ စစ်ကိုင်းထူပါရုံကျောက်စာ၊ စာကြောင်းရေ ၂၀-၂၃၊ ခရစ်နှစ်၊ ၁၄၄၂-ခု။

၅။ စိန်သာထွန်း၊ ဦး။ မြိုလူမျိုးသမိုင်း စာတမ်း အကျဉ်းချုပ်၊ လက်နှိပ်စက်မူ၊ ရန်ကုန်၊ ၁၉၈၈။

၆။ ဇေယျ။ ဆရာ၊ မှတ်တမ်းဝင် ဗမာ့အရေးအခင်းများ၊ ဝင်းပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၇၀။

၇။ ညိုမြ။ ကုန်းဘောင်ရှာပုံတော်။

၈။ ဉာဏ၊ ရမ်းဗြဲအထက်တောင်ကျောင်းဆရာာတော်၊ ဦး။ ဓညဝတီ ရာဇဝင်သစ်၊ ဟံသာဝတီ ပိဋကတ် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၃၆၁။

၉။ တင်မောင်၊ သင့်ဘဝ၊ ဦး။ အလင်းဆောင်သူ အတွေ့အကြုံ၊ စာပေဗိမာန် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၇၇။

၁၀။ တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးစံများ (ချင်း) ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟီုကော်မတီ ဌာနချုပ်၊ ရန်ကုန်၊ ၁၉၆၈၊ ဖေဖော်ဝါရီလ ။

၁၁။တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးစံများ (ရခိုင်)။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟီုကော်မတီ ဌာနချုပ်၊ ရန်ကုန်၊ ၁၉၇၆၊ ဇန်နဝါရီလ

၁၂။ တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့၊ ရခိုင်ပြည်နယ် အဖွဲ့ခွဲ၊ အမှတ်(၁) ၏ လေ့လာတွေ့ရှိချက်စာတမ်း။ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၊ စစ်တွေမြို့။

၁၃။ ထွန်းရွှေခိုင်၊ စစ်တွေကောလိပ်။ ရခိုင်ရှေးဟောင်း မြို့တော်များ၊ သိဒ္ဒိမြိုင် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၈၅၊ ဖေဖော်ဝါရီလ။

၁၄။ ပလက်ဝမြို့နယ် နိုင်ငံရေးသမိုင်း။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေးကော်မတီ၊ ပလက်ဝမြို့။ ၁၉၇၆။

၁၅။ ပီယ၊ မာန်အောင်။ ရခိုင်သာစွလေ၊ တိုင်းလင်း စာပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၀။

၁၆။ မဟိန္ဒြစကြာ (ပွဲကျောင်း)၊ (ရဲကြေးမုံ မဂ္ဂဇင်း)၊ “အဉ္ဖုနရသေ့နှင့်ဝေသာလီမာရယု”၊ ၂၀၀၆။

၁၇။ မေဓဒေဝ၊ ဦး။ မြိုလူမျိုးအကြောင်း၊ လက်ရေးမူ။

၁၈။ မောင်မောင်တူ၊ ဦး။ မြိုလူမျိုး ဆင်းသက်လာပုံ စာတမ်းငယ်၊ လက်ရေးမူ။

၁၉။ မှန်နန်းမဟာ ရာဇဝင်တော်ကြီး၊ ပထမတွဲ ၊ ရန်ကုန်။ ၂၀၀၃။

၂၀။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉) ။ စာပေဗိမာန် စာပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၄။

၂၁။ လှထွန်းဖြူ၊ ဦး။ ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများ၊ စပယ်စာပေတိုက်၊ ရန်ကုန်၊ ၁၉၈၁။